Door To Door စနစ်ဖြင့် စားသုံးဆီများ ဖြန့်ဖြူးမှု တစ်ရက်လျှင် ဖုန်းအဝင် ၇၀၀၀ နီးပါးအထိရှိနေပြီး တစ်လလျှင်အိမ်ထောင်စု အနည်းဆုံးတစ်သိန်းနှစ်သောင်းကျော် ပို့ဆောင်ပေးရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံ ဖုန်းဆက်မှာယူရုံဖြင့် စားအုန်းဆီများ အိမ်အရောက်ပို့စနစ်ဖြင့်ဖြန့်ဖြူးပေးနေမှုကို ဇူလိုင်လကုန်ပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။
“အခုဆို တစ်ရက်ကို ဖုန်းကောလ် ၇၀၀၀ နီးပါးလောက်ဝင်တယ်။ အဲဒီထဲကနေစိစစ်ရတာပေါ့”ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မှာယူသူအချို့တွင် လိပ်စာတူသည့်နေရာများဖြစ်နေပါက မြေပြင်၌ အမှန်တကယ်မှာယူသူ ဟုတ်-မဟုတ် စိစစ်ရကြောင်း သိရသည်။
“တချို့နေရာတွေကျတော့ တစ်နေရာတည်းမှာကို မိသားစုသုံးလေးခုဖြစ်နေတယ်။ တချို့ကျတော့လည်း အဆောင်ဖြစ်နေတယ်။ အဲဒါမျိုးဆို မြေပြင်မှာ လိုက်စစ်ရတာပေါ့။ အခု ဒီမှာဆိုရင်တွေ့တဲ့အတိုင်းပဲ မိသားစုတွေကအများကြီးပဲလေ။ တစ်နေရာတည်းကို။ သူတို့ကိုဆို လွန်ခဲ့တဲ့သုံးလေးရက်လောက်က မြေပြင်ကို လာကြည့်ထားတာ။ မှန်ကန်တော့ ဒီနေ့ဆီလာပို့တာ”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် စားအုန်းဆီမှာယူသူထံသို့ ပို့ဆောင်ပေးခဲ့သည့် အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်က စားအုန်းဆီကို တစ်လစာအဖြစ် ဖုန်းဆက်မှာယူပါက သုံးပိဿာပို့ဆောင်သော်လည်း စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ နှစ်ပိဿာ ၇၅ ကျပ်သား ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
“အရင်တုန်းကတော့ ငါးဆယ်သားဘူးခြောက်ဘူးပေ့ါ။ အခုကတော့ နှစ်ပိဿာ ၇၅ ကျပ်သား တစ်ဘူးပဲဖြစ်သွားတယ်။ ပို့တဲ့သူတွေအတွက်လည်း အဆင်ပြေသွားတယ်။ ဖုန်းဆက်တဲ့သူလည်း များလာတော့ တစ်လကို အိမ်ထောင်စု တစ်သိန်းနှစ်သောင်းလောက်အထိ ပို့ပေးဖို့ရည်ရွယ်ထားတယ်။ ပို့ပေးတဲ့ကုမ္ပဏီတွေကိုလည်း ထပ်တိုးထားတယ်”အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိမ်အရောက်ပို့သည့်စနစ်ဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးပေးရာတွင် ယခင်က ပို့ဆောင်သည့် ကုမ္ပဏီနှစ်ခုသာရှိခဲ့သော်လည်းမှာယူသူများသဖြင့် ပို့ဆောင်ပေးသည့် ကုမ္ပဏီများ ထပ်တိုးထားကြောင်း၊ စျေးနှုန်းမှာ အပတ်စဉ်တနင်္လာနေ့တွင် ထုတ်ပြန်သည့် စားအုန်းဆီရည်ညွှန်းစျေးကို အခြေခံပြီး ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားကြောင်း၊ သယ်ယူပို့ဆောင်ခနှင့် ဆီတန်ဖိုးကို လာရောက်ပို့ဆောင်မှသာ ပေးချေရကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၄ ခုကို ပို့ဆောင်ပေးနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
