နိုင်ငံအတွင်း မန္တလေးမြို့တွင် ပထမဆုံးတပ်ဆင်အသုံးပြုသည့် SCAT မီးပွိုင့် (၆၅)ခုထိ ရှိလာပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ မီးပွိုင့်စနစ်ကို နိုင်ငံပေါင်း (၁၆၈)နိုင်ငံတွင်အသုံးပြုနေပြီး မြန်မာနိုင်ငံ၌ မန္တလေးမြို့တွင် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကစတင်ကာ ပထမဦးဆုံး အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ အဓိကလမ်းဆုံကြီးများ၊ ယာဉ်ကြောကျပ်တည်းသည့် သိပ္ပံလမ်း၊ ၁၇၈ လမ်း၊ လမ်း (၃၀)၊ ၃၅ လမ်း၊ ၂၆ လမ်း တလျှောက်၌ ယာဉ်ကြောကျပ်တည်းမှုများလျော့ကျခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီသည် မြို့တော်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့်ယာဉ်ကြော ကျပ်တည်းသောလမ်းများတွင် မီးပွိုင့်ပေါင်း (၁၂၂) ခုတပ်ဆင်ထားကြောင်း သိရသည်။
ယင်းတွင် ဆိုလာစနစ်သုံးမီးပွိုင့်များလည်း ပါဝင်သလို ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ရိုးရိုး LED မီးပွိုင့်အသစ်(၆)ခုကို ထပ်မံတိုးချဲ့တပ်ဆင်နေကြောင်း သိရသည်။
မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် (၆၅) ခု၊ Individual Loop Sensor မီးပွိုင့် (၂၅) ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် (၃၂ ခု) စုစုပေါင်း (၁၂ ၂) ခု တပ်ဆင်အသုံးပြုလျက်ရှိသည့်အပြင် မီးပွိုင့်များနှင့် လိုအပ်သောနေရာများ၌ CCTV များတပ်ဆင်ကာ ယာဉ်အသွားအလာများကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
