စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော် တောင်ဘက်ရှိ နှစ် (၅၀) ကျော်သက်တမ်းရှိ ခြင်္သေ့ကြီးနှစ်ကောင်မုခ်၏ စောင်းတန်းကို အများကောင်းမှုဖြင့် ပြန်လည်ပြုပြင်လျက်ရှိသည်။
ရွှေစည်းခုံစေတီတောင်ဘက်မျက်နှာစာတွင် မုခ်ဦး (၂)ခုရှိသည့်အနက် အနောက်ဘက်မုခ်နှင့် သာဓုဇနရမ္မဏိယအာရုံခံတော်တို့ တဆက်တည်းတည်ဆောက်ထားသည့် အလျားပေ (၉၀)၊အနံပေ (၂၀)ရှိစောင်းတန်းကို အသစ်ပြန်လည် ပြုပြင်တည်ဆောက်နေခြင်းဖြစ်သည်။
စောင်းတန်းပြုပြင်တည်ဆောက်ခြင်းကို ကျပ်သိန်း (၅၀၀) ကျော်အကုန်အကျခံ၍ ၂၀၂၄ ခုနှစ်၊ မတ်လကစတင်မည်ဖြစ်ပြီး လာမည့်နိုဝင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
“စောင်းတန်းအမိုးကသွပ်မိုးထားတော့ အပေါက်တွေဖြစ် မိုးမလုံတာရော၊ သစ်သားတန်းတွေ အသားမျက်နှာကျက် ခြတက်တာတွေရောကြောင့် ကွန်ကရစ်မိုးပြုပြင်တာ ဖြစ်ပါတယ်”ဟုရွှေစည်းခုံဘုရားကြီးဂေါပကအဖွဲ့ဝင် ဦးအောင်သန်းက ပြောသည်။
ခြင်္သေ့ကြီး နှစ်ကောင်အဝင်မုခ်ဦး ပြသာဒ်ကို လွန်ခဲ့သည့် (၇၃)နှစ် ၁၉၅၁ ခုနှစ်တွင် ဦးထွန်းဖေ+ဒေါ်စံနှင့် အလှူရှင် (၁၀)ဦးတို့က တည်ဆောက်လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ပြုပြင်နေသော စောင်းတန်းကို ဦးဘအောင်+ဒေါ်အေးဘွင့်တို့ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ခြင်္သေ့ကြီးနှစ်ကောင်မုခ်ဦးတွင် ပြသာဒ်ဘုံ (၇)ဆင့်ရှိပြီး အင်္ဂတေကနုတ်ပန်း၊ တုရင်မုခ်တိုင်၊ မိကျောင်းရေဆင်း၊ နယားရေဆင်း၊ ရုပ်ကြွပုံထွင်းလက်ရာများနှင့်အတူ ခန့်ညားထယ်ဝါ အားမာန်အပြည့်ပါသော ကေသရာဇာခြင်္သေ့ကြီးနှစ်ကောင်ကို ပန်းရံဆရာ ဦးစိန် ကလက်စွမ်းပြတည်ဆောက်ထားခြင်းဖြစ်သည်။
ပြုပြင်တည်ဆောက်နေသော စောင်းတန်းအတွင်း ပန်းချီဆရာဦးမောင်ကိုနှင့် ဦးသန်းကြွယ်တို့ ရေးဆွဲထားသော သုဝဏ္ဏသာမဇာတ်တော်နှင့် ဗုဒ္ဓဝင် မြန်မာ့အနုပညာမြောက်ပန်းချီကားများကို ချိတ်ဆွဲပြသထားသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
