ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန် (ပန်းဆိုးတန်း -ဒလ) ကူးတို့ဆိပ်ကမ်း၌ ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘော နေ့စဉ်စီးနင်းသူခရီးသည်ဦးရေသည် (၃၀၀၀၀) ကျော်ရှိကြောင်း လက်မှတ်အရောင်းဌာနမှ စုံစမ်းသိရှိရသည်။
ထို့ပြင် ပန်းဆိုးတန်း-ဒလ ကူးတို့ ချယ်ရီ သင်္ဘာလိုင်းကို ခရီးသည်များ သွားလာရေးအဆင်ပြေစေရန်အတွက် ညပိုင်းအကြိမ်ရေ တိုးမြှင့်ပြေးဆွဲပေးပြီးနောက်ပိုင်း ခရီးသည်ဦးရေများလာခြင်းဖြစ်ကြောင်း သိရသည်။
” နောက်ကျပြီးမှ အလုပ်ဆင်းတဲ့သူတွေရှိတယ်။ သင်္ဘောမမှီတော့ သဗ္ဗာန်လှေနဲ့ သွားရတာ။ ညဘက်ဆိုတော့အရမ်းအ န္တရာယ်များတယ်။ ခရီးသွားတွေလည်း အဆင်ပြေအောင် ညပိုင်းချိန်ကို ထပ်တိုးပေးလိုက်တာ။ သူတို့လည်းအဆင်ပြေတာပေါ့။ ခရီးသည်ဦးရေကအရင်ထက်စာရင် တိုးလာတယ်”ဟု လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ကူးတို့ခရီးစဉ်အား ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံများသည် ရန်ကုန်မြို့သို့ ကူးသန်း သွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ်မှတဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်သည်။
စက်တင်ဘာ (၂၃) ရက်မှစတင်ပြီး ည (၇) နာရီခွဲမှ ည (၈) နာရီအထိ ဒလ-ပန်းဆိုးတန်း အစုန်/အဆန် တစ်ခေါက်စီဖြင့် သင်္ဘောအခေါက်ရေ (၂)ခေါက် တိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ပန်းဆိုးတန်း-ဒလ သင်္ဘောစီးနင်းခ ဈေးနှုန်းသည် (၃၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
