မန္တလေးမြို့တွင် ဓားဖြင့်ခုတ်ပြီး ဖုန်းလုယက်သူနှစ်ဦး ထွက်ပြေးစဉ် ကားတိုက်မိပြီး သေဆုံးမှု စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ်၊ ၆၄ လမ်းနှင့် လမ်း ၄၀ ထောင့်တွင် ကလေးကျောင်းကြိုရန် စောင့်ဆိုင်းနေသည့် ဇနီးမောင်နှံနှစ်ဦးထဲမှ ခင်ပွန်းဖြစ်သူအမျိုးသားသည် ကားပေါ်မှဆင်းပြီး ဖုန်းပြောနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးမှ ဖုန်းကိုလုယူသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ လက်ထဲမှ ဖုန်းအား လုယူထွက်ပြေးသွားသဖြင့် အမျိုးသားမှ ဖုန်းအား ပြန်ဆွဲယူစဉ် ဆိုင်ကယ်ပေါ်က လူမှ ဓားဖြင့် ခုတ်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖုန်းလုယူသူများမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဇနီးမောင်နှံနှစ်ဦးမှ ကားဖြင့်လိုက်ရာ ၆၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းသို့ရောက်စဉ် လုယက်ထွက်ပြေးသူများ၏ဆိုင်ကယ်အား တိုက်မိခဲ့ရာ လုယက်သူနှစ်ဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းနှင့် လမ်းထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
