ယခုသီတင်းပတ်အတွင်း လာအိုတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များမတိုင်မီ မြန်မာနိုင်ငံတွင်ဖြစ်နေသည့် ပဋိပက္ခကို ဖြေရှင်းရန် အာဆီယံအနေဖြင့် အဓိကနေရာမှ ပါဝင်ရမည်ဟု ထိုင်းဝန်ကြီးချူပ် ပေတုန်တန်ရှင်နာဝပ်က ပြောကြားခဲ့သည်။
"အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ အရေးကြီးတဲ့နေရာက ပါဝင်ဆောင်ရွက်ပေးရပါမယ်" ဟု ပေတုန်တန်က ပြောသည်။
မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ထိုင်းသည် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်မည့် မလေးရှားနှင့် သံတမန်နည်းလမ်းအရ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပေတုန်တန်က ပြောသည်။ ထို့ပြင် အောက်တိုဘာ ၉ ရက်တွင်ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များညီလာခံတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။
ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် ကမူ မြန်မာ့တပ်မတော်သည် အားနည်းနေသဖြင့် ဆွေးနွေးပွဲများအတွက် လမ်းဖွင့်ပေးရာရောက်နေကြောင်းနှင့် ဆွေးနွေးပွဲများနှင့် သဘောတူညီမှုများ ရရှိလိမ့်မည်ဖြစ်ကြောင်း ဧပြီလအတွင်းက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အာဆီယံ၏ ၂၀၂၁ ခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်သည်လည်း တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့သည်။
မြန်မာ့တပ်မတော်ကမူ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီး လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နိုင်ငံလူဦးရေ ၅၅ သန်း၏ ၃ ပုံ ၁ ပုံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေပြီး ထိုအချက်ကို လာအိုတွင်ပြုလုပ်မည့်ညီလာခံတွင် ဆွေးနွေးသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်ကလည်း အင်ဒိုနီးရှားနိုင်ငံသည် ကုလသမဂ္ဂ၊ မြန်မာ့တပ်မတော်အတိုက်အခံများပါဝင်သည့် နိုင်ငံတကာညီလာခံတစ်ခုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။
■Source: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
