အင်းလေးဒေသရှိ ရေနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာများကိုကွင်းဆင်းစစ်ဆေး
24htopnews | October 8, 2024 11:12 PM CST
ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အင်းရေမြင့်တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများလည်း ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရေနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာများအား ပြန်လည်ပြင်ဆင်ပြုပြင်မှုများပြုလုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများနှင့်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အင်းလေးဒေသရေနစ်မြုပ်ခဲ့စဥ် အဆက်အ သွယ်ပြတ်တောက်မှုများဖြစ်ပေါ်နေချိန်၌ သက် ဆိုင်ရာ ကျေးရွာမီးကော်မတီအသီးသီးမှ ထရန် စဖော်မာများ၊ မီတာများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဖြုတ်သိမ်းထားပေးခဲ့ကြကြောင်း သိရသည်။








READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
