ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ် ထောင်စု(၆၈၀)အတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်မွန်းလွဲပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ အိမ်ထောင်စု(၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း(၂၄၈)အိတ်ကို အကူအညီအထောက်အပံ့အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။
ထို့နောက် ပြည်မြို့မှ ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ် ကွက်(၂)ခုမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ အုပ်စုများမှ အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
