မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာ နာမှုအကူအညီပေးမှုများကိုပိတ်ဆို့တားဆီးခြင်းမရှိဟု နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောသည်။
၎င်းမှ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိ နှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ယနေ့ အောက်တိုဘာ ၈ ရက်မွန်းလွဲ ၂ နာရီကနေပြည်တော်၌တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှု အကူအညီ အမှန်တကယ်လိုအပ်သူများထံ ခွဲ ခြားမှုမရှိဖြန့်ဝေပေးနိုင်ရေးကို အလေးထားကာ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးမှုများကိုလည်း ပိတ်ဆို့တားဆီးမှုမရှိဟု ပြောသည်။
” လုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ခရီးသွားလာရာမှာလည်း လုံခြုံရေးကိစ္စကိုအလေးထားစီစဉ်ဆောင်ရွက်ပေးနေပါတယ်”ဟု ဝန်ကြီးဦးသန်းဆွေကပြောသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ် လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူ အညီပေးရာတွင် အဓိကသက်ဆိုင်သည့်ဝန်ကြီး ဌာနများနှင့်ညှိနှိုင်းဆောင်ရွက်၍ ထိရောက်သောအကူအညီဖြစ်စေရန်၊ လုပ်ငန်းမထပ်စေရန် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောသည်။
” အလှူရှင်ကိုယ်စားလှယ်တွေအနေနဲ့ ဖြန့်ဝေမှုကို လိုက်ပါလိုရင် အတူလိုက်ပါနိုင်ပါတယ်။ မုန် တိုင်းဒဏ်သင့်ဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုတွေကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ဦးဆောင်မှုနဲ့ဆောင်ရွက်နေပါတယ်။ အဲဒီကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါတယ်”ဟု ဝန်ကြီးဦးသန်းဆွေကပြောသည်။
ထို့အတူ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် မြန်မာအစိုးရ၏ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံအခြေအနေမှန်များကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးစေလိုသည်ဟုလည်း ပြောကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
