ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဝင်းအတွင်းရှိ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် စောင့်ရှောက်ထားသည့် ကလေးငယ်၈ဝကျော်ရှိလာသဖြင့် ကလေးငယ်များနေထိုင်ရန် အဆောင်တစ်ခုသာရှိသည့်အတွက် တိုးချဲ့နိုင်ရန်အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ဂေဟာတာဝန်ရှိသူများထံမှ သိရသည်။
သုခရိပ်မြုံဂေဟာမှာ မိဘမဲ့ HIV ရောဂါ ပိုးကူးစက်ခံကလေးငယ်များကိုသာ လက်ခံစောင့်ရှောက်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်နှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ ဂေဟာသက်တမ်းအနေနဲ့ ငါးနှစ်ရှိပါပြီ။ အဓိကအနေနဲ့က မိဘနှစ်ဦးလုံး မရှိတဲ့ HIV ရောဂါပိုးကူးစက်ခံကလေးငယ်တွေနဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြုစုစောင့်ရှောက်ရန် လိုအပ်တဲ့ကလေးငယ်တွေကို ဂေဟာက လက်ခံစောင့်ရှောက်တာဖြစ်တယ်။ အငယ်ဆုံးဆိုရင် တစ်နှစ်ခွဲကလေး လောက်ကနေစပြီး စောင့်ရှောက်တယ်။ အခုဆိုရင်ဂေဟာမှာ ကလေးပေါင်း ၈၀ ကျော်ရှိပါပြီ။ အတန်းအနေနဲ့ဆိုရင် ကိုးတန်း၊ ၁ဝတန်း တွေ ရှိတဲ့အတွက် လက်ရှိအဆောက်အဦးကို ထပ်ချဲ့ဖို့ လိုအပ်နေတယ်။ ယောကျ်ားလေးကို အဆောင်တစ်ခုထဲမှာ ခွဲထားပေမယ့်သီးသန့် ထားနိုင်ရင် ပိုအဆင်ပြေမှာပါ။ ဒါ့ကြောင့် အခုလောလောဆယ် အဆောင်ထပ်တိုးချဲ့ဖို့အတွက် လိုအပ်သလို အလှူရှင်တွေလည်း လိုအပ်ပါတယ်။ ရေချိုးရန်နေရာ၊ သန့်စင်ခန်းကစ သီးခြားစီလေး စနစ်တကျလုပ်နိုင်ဖို့ လိုအပ်ပါတယ်” ဟုသုခရိပ်မြုံလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာမှဥက္ကဋ္ဌဒေါ်မိမိက ပြောကြားသည်။
အဆိုပါ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် အသက်တစ်နှစ်ခွဲမှ အသက် ၁၂ နှစ်အတွင်း ကလေးငယ်များကို လက်ခံစောင့်ရှောက်ခြင်းပြီး စောင့်ရှောက်ထားသည့် ကလေ းငယ် ၈၇ ယောက်ရှိကာယင်းထဲမှ ၇၀ ကျော်မှာ အတန်းပညာတက်ရောက်သင်ကြားလျက်ရှိကြောင်း ဥက္ကဋ္ဌဒေါ်မိမိ၏ ပြောကြားချက်အရ သိရသည်။
ထိုထဲတွင် အသက်အရွယ်အလိုက် သူငယ်တန်းမှ အကြီးဆုံးအနေဖြင့် တက္ကသိုလ်ဝင်တန်းနှင့် နဝမတန်းတက်ရောက်နေသည့် ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
ဂေဟာ၏အဓိကရည်ရွယ်ချက်မှာ HIV ရောဂါပိုး ကူးစက်ခံကလေးများအား မိသားစုပုံသဏ္ဌာန် နေထိုင်ကြီးပြင်းစေပြီး အဓိကအနေဖြင့် ကျန်မာရေးစောင့်ရှောက်မှုကို ပြုလုပ်ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
