ပြည်နယ်အစိုးရများအနေဖြင့် ဒေသတွင်း အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများ၊ ဒေသတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများကို အခွင့်သင့်တိုင်း ပြည်သူကို ကြိုတင်ရှင်လင်းပြီး သွင်းအားစုကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းပေးရန် လိုအပ်ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဒီဇင်ဘာ ၂၁ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့သော အဋ္ဌမအကြိမ် ဒေသထွက် ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ပြော ကြားသည်။
“ပြည်နယ်အစိုးရများအနေနဲ့ ဒေသတွင်း အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများ၊ ဒေသတွင်း အကောင်အထည်ဖော်မယ့် စီမံကိန်းများကို အခွင့်သင့်တိုင်း ပြည်သူကို ကြိုတင်ရှင်လင်းပြီး ယင်းလုပ်ငန်းများ ဆိုင်ရာလိုအပ်တဲ့ သွင်းအားစုကို ကြိုတင် ပြင်ဆင်ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ ဒါမှသာစီမံကိန်းများ တည်ဆောက်ချိန်၊ စီးပွားရေးလုပ်ငန်းများ သွက်လက်လာချိန်မှာ ဒေသတွင်း ပြည်သူများရဲ့အင်အား၊ ဒေသတွင်း ကျွမ်းကျင်လုပ်သားများက တိုးတက်လာတဲ့ လုပ်ငန်းခွင် အသစ်များမှာ ပါဝင်ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများနဲ့ အတူဒေသရဲ့ တိုးတက်မှု အသီးအပွင့်များကို အမှန်တကယ် ခံစားကြရမှာဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။
၎င်းင်းကဆက်လက်ပြီး “ဒါကြောင့် ဒေသတွင်း MSME များအနေနဲ့ ပေးလာတဲ့ အခွင့်အရေးကို မိမိရရရယူနိုင်ဖို ့လိုပါတယ်။ မိမိလုပ်ငန်းရဲ့ အားသာချက်ကို နည်းဗျူဟာများ အသုံးပြုပြီး ဖော်ပြနိုင်တဲ့ အရည်အချင်းရှိရန်် လိုအပ်သလို၊ စားသုံးသူ ကြိုက်နှစ်သက်မှုနဲ့ လိုအပ်ချက်တွေအရ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကုန်ပစ္စည်းတွေကို ဝန်ဆောင်မှုကောင်းများဖြင့်လည်း ပံ့ပိုးကြရပါမယ်။ စျေးကွက်က တုံ့ပြန်လာတဲ့ သတင်းအချက်အလက်များ အကြံပြုချက်များကိုလည်း လက်ခံကာ စဉ်ဆက်မပြတ်တိုးတက်ဖို ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းများဖြစ်အောင် ကြိုးပမ်းကြမှသာ စျေးကွက်မှာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
“ကရင်ပြည်နယ်နဲ ့မွန်ပြည်နယ်တို့ရဲ့ အားသာချက် တစ်ခုက ထူးခြားတဲ့ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများ၊ သဘာဝ တောတောင် အလှအပများ၊ ပင်လယ်ကမ်းခြေ၊ ရေတံခွန် စိမ့်စမ်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကလည်း ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းများနဲ့ အတူ ဒေသတွင်း အစားအသောက်နဲ့ ထုတ်ကုန်ပစ္စည်း ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများပါ ဖွံ့ဖြိုးလာပါမယ်။ ဒေသတွင်း MSME များ လုပ်ငန်းတိုးတက်အောင်မြင်မှသာ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာပြီး ပြည်ပမှာ သွားရောက် လုပ်ကိုင်နေကြတဲ့ Skill Labour များ ဒေသတွင်း ပြန်လည်လုပ်ကိုင်လာနိုင်တဲ့ ဝန်းကျင်ကိုလည်း တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။
“ပြည်တွင်း MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာရာမှတစ်ဆင့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပိုမိုချဲ့ထွင်လာနေတဲ့ စီးပွားရေး စျေးကွက်လိုအပ်ချက်များ၊ တောင်းဆိုမှုများအရ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဖြည့်ဆည်းနိုင်သော အောင်မြင်တဲ့ MSME လုပ်ငန်းများ ပိုမိုများပြား ပေါ်ပေါက်လာစေရန်ကို ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြော ကြားလိုပါတယ်” ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
