၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၈၀၆၃ ဘီလျံကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ် ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၅၀၂ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်း ပမာဏ ကျပ် ၁၈၀၆၃၄၂၉ ဒသမ ၆၆၆ သန်း (ကျပ် ၁၈၀၆၃ ဘီလျံကျော်) ရှိခြင်းဖြစ် သည်။
ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၄၁၆၆ ဒသမ ၉၂၆ ဘီလျံ (လုပ်ငန်း ၇၇ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၃၂၆၄ ဒသမ ၃၇၇ ဘီလျံ (လုပ်ငန်း ၈၃၅ ခု)၊ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၈၃၄ ဒသမ ၆၆၃ ဘီလျံ (လုပ်ငန်း ၅၀ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၁၈၆၃ ဒသမ ၆၅၈ ဘီလျံ (လုပ်ငန်း ၁၅၆ ခု)၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၀၇၅ ဒသမ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ဖြစ်သည်။
ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၆၂ ဒသမ ၉၀၃ ဘီလျံ (လုပ်ငန်း ၁၁ ခု)၊ စွမ်းအင် ကဏ္ဍတွင် ကျပ် ၆၅၂ ဒသမ ၄၈၈ ဘီလျံ (လုပ်ငန်း ၁၈ ခု)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၁၈၉ ဒသမ ၃၇၁ ဘီလျံ (လုပ်ငန်း ၆၉ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၁၅၃ ဒသမ ၅၇၈ ဘီလျံ (လုပ်ငန်း ၈၃ ခု)၊ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၅၁ ဒသမ ၈၉၃ ဘီလျံ (လုပ်ငန်း ၁၁ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၂၉၄၈ ဒသမ ၃၈၄ ဘီလျံ (လုပ်ငန်း ၁၂၄ ခု) ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး သက်တမ်း ၃၂ လတာကာလအတွင်း ကျပ် ၆၄၃၉ ဘီလျံ ဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစတင်၍ ယခင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကိုကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံ ဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။
ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့်ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့သဘောထား၊ သက်ဆိုင်ရာ ဝန်ကြီးဌာနသဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက်ပြည့်စုံပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
