ခန္တီးမြို့ ကောင်းကင်ပေါ်တွင် ပေါက်ကွဲသံကြားရပြီး လေယာဉ်ကိုယ်ထည်ဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု ပြုတ်ကျလာကြောင်း သိရသည်။
ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်တွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ကောင်းကင်ပေါ်တွင် ပေါက်ကွဲသံတစ်ခုကြားရပြီးနောက် ပြုတ်ကျလာခြင်းဖြစ်ကြောင်း ခန္တီးမြို့ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ရှမ်းရိုးရာကွင်းမှာ ကာယလှုပ်ရှားမှု လုပ်နေတဲ့အချိန်မှာပေါ့။ အဲဒီနေရာနဲ့ ပေ ၄၀၀ ကျော်လောက်တော့ ဝေးမယ်။ ကာယလုပ်နေတုန်း ဝုန်းဆိုပြီး ပေါက်ကွဲတဲ့အသံထွက်ပြီးတဲ့ သေနတ်ပစ်သလို ဒုန်း ဒုန်း ဆိုပြီး အသံနှစ်ဆင့် ကြားရတယ်။ အသံက တော်တော်ကျယ်တယ်။ အားလုံးက မိုးခြိမ်းတယ်ပဲ ထင်ကြတာ။ ကျွန်တော်ကတော့ ဒါ မိုးခြိမ်းတာတော့ မဖြစ်နိုင်ဘူး။ ပေါက်ကွဲတဲ့ အသံနဲ့တူတယ်ပေါ့။ အဲဒီဘက်ကိုလှမ်းကြည့်တော့ ကောင်းကင်မှာ မီးခိုးတွေလှမ်းမြင်ရတယ်။ မိုးပေါ်တော့ ဘာမှမမြင်ရဘူး။ ခန္တီးမှာက ဒီအချိန်ဆို မြူတွေနဲ့ ဘာမှသိပ်မမြင်ရဘူးလေ။နောက်တော့ ကာယလုပ်ပြီးအပြန် ဇီးဖြူကုန်းရပ်ကွက်လမ်းပေါ်မှာ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့အရာ ပြုတ်ကျနေတယ် ကြားလို့ သွားကြည့်တာပေါ့။ အဲဒီရပ်ကွက်ကလူတွေပြောတာတော့ မိုးပေါ်ကနေ ပေါက်ကွဲတဲ့အသံကြားရပြီး ဒီအပိုင်းအစ ပြုတ်ကျလာတယ်လို့ ပြောကြတယ်။ အပိုင်းအစက နည်းနည်းကြီးတယ်။ အလျား ရှစ်ပေနဲ့ အကျယ် လေးပေလောက်ရှိမယ်။ ပြတ်ပြီးကျလာတဲ့ပုံစံပဲ။ အဲဒီမှာ ဝါယာကြိုးတွေလည်းပါတယ်။ နောက်ပြီး ဝါယာကြိုးမှာ မီးလောင်ထားတဲ့အနေအထားတွေလည်း တွေ့ရတယ်။ ကတ္တရာလမ်းပေါ်ကို ပြုတ်ကျလာတာ။ ထိခိုက်တဲ့လူ မရှိဘူး။ အခုတော့ လမ်းဘေးဆွဲချထားပြီး သက်ဆိုင်ရာတွေက စစ်ဆေးနေကြတယ်။ ခန္တီးကိုဆင်းတဲ့ လေယာဉ်မဟုတ်ဘူး။ ခန္တီးမှာက ဒီအချိန် လေယာဉ်ခရီးစဉ်မရှိဘူး " ဟု ခန္တီးမြို့ဒေသခံတစ်ဦးမှ ပြောသည်။
ပြုတ်ကျလာစဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။
"လေယာဉ်တောင်ပံ အပိုင်းအစလား ဘာလားတော့ မသိဘူးပေါ့။ အဲဒါပြုတ်ကျလာလို့ စုံစမ်းနေတုန်းရှိပါသေးတယ်။ တပ်က ဗျူဟာမှူး ရော၊ ရဲတွေရော အကုန်လိုက်ပြီး စစ်ဆေးနေကြတယ်။ အပိုင်းအစ တစ်ခုပဲ တွေ့သေးတယ်။ ကျန်တာဘာမှ မတွေ့ဘူး။ စုံစမ်းနေကြတုန်းပဲ။ စုံစမ်းလို့ရရင် ပြန်ပြောမယ်။ ထိခိုက်ဒဏ်ရာရတဲ့လူ မရှိဘူး။ ဘာမှမဖြစ်ဘူး" ဟု ဦးခင်မောင်ဆင့်မှ ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
