သီလဝါအထူးစီးပွားရေးဇုန်တွင် ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း ရာခိုင်နှုန်း ၇၀ နှင့် ပြည်တွင်းစျေးကွက် ဦးစားပေးလုပ်ငန်း ရာခိုင်နှုန်း ၃၀ မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် ပို့ကုန်ဦးစားပေးလုပ်ငန်း ရာခိုင်နှုန်း ၄၀ သာရှိပြီး ပြည်တွင်းစျေးကွက် ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၆၀ အထိ ဖြစ်ပေါ်နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ဖော်ပြထားသည့် သီလဝါအများပိုင်ကုမ္ပဏီ၏ အနာဂတ် အလားအလာညွှန်းတမ်းများ လေ့လာ ချက်စာတမ်းအရ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ပါဝင်သော ကုမ္ပဏီများကို ဇုန်နှစ်ဇုန် ပိုင်းခြားထားပြီး ပထမတစ်ပိုင်းမှာ ကုန်ပစ္စည်း၏ ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ခြင်း (သို့မဟုတ်) ရာခိုင်နှုန်း ၈၀ ကျော်ကို Free Zone အတွင်းမှ ပို့ကုန်စီးပွားရေးလုပ်ငန်းသို့ ရောင်းချခြင်းပြုလုပ်သည့် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း Free Zone ဟု သတ်မှတ်ထားပြီး ပြည်တွင်းဦးစားပေးစက်မှုလုပ်ငန်းဇုန်ကိုမူ Promotion Zone ဟု သတ်မှတ်ထားသည်။ လက်ရှိအခြေအနေတွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများထက် ပြည်တွင်းစျေးကွက်ဦးစားပေး စက်မှုလုပ်ငန်းများသာ သီလဝါတွင် များပြားနေခြင်းမှာ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စွမ်းရည် မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း စာတမ်းက သုံးသပ်ထားသည်။
သီလဝါတွင် ပါဝင်မြှုပ်နှံထားသည့် ကုမ္ပဏီများကို လုပ်ငန်းအလိုက်ကြည့်ပါက ဆောက်လုပ်ရေးကုန်ကြမ်းဆိုင်ရာ ကုမ္ပဏီ ၁၆ ခု၊ ထုပ်ပိုးမှုနှင့် ကွန်တိန်နာဆိုင်ရာကုမ္ပဏီ ၁၀ ခု၊ အထည်ချုပ်ကုမ္ပဏီ ရှစ်ခု၊ ထောက်ပ့ံပို့ဆောင် ရေးကုမ္ပဏီ ရှစ်ခု၊ အစားအသောက်နှင့်ဖျော်ရည် လုပ်ငန်းကုမ္ပဏီ ရှစ်ခု၊ လယ်ယာလုပ်ငန်းဆိုင်ရာကုမ္ပဏီ ရှစ်ခု၊ မော်တော်ကားဆိုင်ရာ ကုမ္ပဏီ ငါးခု၊ ဆေးဝါးဆိုင်ရာကုမ္ပဏီ ခြောက်ခု၊ ဖိနပ်နှင့်အပိုပစ္စည်းကုမ္ပဏီ သုံးခု၊ သင်္ဘော ဆေးလုပ်ငန်းလေးခု၊ စက်ရုံဂက်စ်လုပ်ငန်း နှစ်ခု၊ ဝန်ဆောင်မှုလုပ်ငန်းလေးခု၊ မြေယာ ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီတစ်ခုတို့နှင့် အခြား လုပ်ငန်းများရှိနေပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်စာရင်းများအရ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီ ၉၇ ခုနှင့် ကြိုတင်စာချုပ်ချုပ်ဆိုဆဲ ကုမ္ပဏီတစ်ခုတို့ လာရောက်မြှုပ်နှံထားသည်။
အဆိုပါကုမ္ပဏီ ၉၇ ခုတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီ ၅၀ အထိ လာရောက်မြှုပ်နှံထားပြီး ထိုင်းမှ ၁၄ ခု၊ ကိုရီးယားမှ ခြောက်ခု၊ ထိုင်ဝမ်မှ ကုမ္ပဏီ ငါးခု၊ စင်ကာပူမှ သုံးခု၊ မလေးရှားမှ သုံးခု၊ မြန်မာနိုင်ငံမှ ကုမ္ပဏီလေးခုနှင့် အမေရိကန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများမှလည်း ကုမ္ပဏီတစ်ခုစီ လာရောက်မြှုပ်နှံထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
