မောင်တောမြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်အား ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၄၀ တွင် မဟာဓာတ်အားလိုင်းမှ ဓာတ်အား စတင် ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ပေါ်ရပ်ကွက် ငါးခုရှိ အိမ်ထောင်စု ၂၀၀၀ ကျော်အား စတင်ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး မောင်တောမြို့နှင့် ၁၀ မိုင်ဝန်းကျင်မှ ကျေးရွာ ၁၅ ရွာသို့ လျှပ်စစ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မောင်တောဓာတ်အားခွဲရုံသို့ ဓာတ်အား စတင်လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ဒုပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဇော်မိုးက “မောင်တော မြို့ပေါ်ငါးရပ်ကွက်ကို ဒီကနေ့ နံနက် ၁၁ နာရီ ၄၀ မှာ မီးပေးပြီးပါပြီ။ နောက်ပြီးတော့ ဒီကနေ့ညနေပိုင်းမှာ ကျီးကန်းပြင်ဘက်ကိုမီး ပေးဖို့ဆောင်ရွက်နေပါတယ်။ ပြီးတော့ မောင်တော တောင်ပိုင်း ဥဒေါင်းကျေးရွာဘက်ကိုလည်း မီးပေးဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ အခုမောင်တောမြို့ပေါ်မှာ မီတာ ၂၀၉၉ လုံး တပ်ဆင်ထားပါတယ်။ ဆက်လက် ပြီးလည်း မီတာတွေ တပ်ဆင်သွားဖို့ရှိပါတယ်။ အခုတော့ မီတာ တပ်ဆင်ထားတာ အားလုံး မီးရရှိနေပါပြီ။ ကျေးရွာပေါင်းတော့ ၁၅ ရွာ မီးပေးပါမယ်။ ကျွန်တော်တို့က မောင်တောဒေသ ကြိမ်ချောင်းဘက်ထိ လျှပ်စစ်မီး ဆက်လက်ပေးနိုင်ဖို့ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။
ပထမအဆင့်အနေဖြင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၂၁ မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ တည် ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ မတ် ၁၅ ရက်မှ စတင်ကာ ရသေ့တောင်မြို့ပေါ်ရှိ အိမ်ထောင်စု ၁၅၃၀ စုနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု ၃၃၇၄ စုသို့ နိုင်ငံ တော်ဓာတ်အားစနစ်မှ ၂၄ နာရီဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၆၆ ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉ ဒသမ ၁ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရေးအတွက် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်- မောင်တော ဓာတ်အားလိုင်း ၆၄ ဒသမ ၃၁ မိုင်နှင့် ၆၆ ကေဗွီဓာတ်အားခွဲရုံများ တည် ဆောက်ရေးစီမံကိန်းကို ခန့်မှန်းကုန်ကျစရိတ် ဘီလျံ ၃၀ အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြာင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
