ရန်ကုန်-ပုသိမ်-ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်အသစ်အား လာမည့် ဒီဇင်ဘာ ၂၅ရက်မှစတင်ကာ တစ်ပတ်လျှင် လေးရက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှသိရသည်။
အပတ်စဉ်တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့်စနေနေ့တို့တွင် တစ်နေ့လျှင် အသွား အပြန်တစ်ကြောင်း ပြေးဆွဲသွားမည်ဖြစ် ကြောင်း၊ ရန်ကုန်မှညနေ ၃ နာရီတွင် စတင် ထွက်ခွာပြီး မောင်းနှင်ချိန် မိနစ် ၄၀ သတ်မှတ် ထားကာ ပုသိမ်မှ ညနေ ၄ နာရီ မိနစ် ၄၀ ခန့် တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြေးဆွဲရန် စီစဉ်ထားရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံမှ သိရသည်။
“ဧရာဝတီတိုင်းအတွက် မင်္ဂလာသတင်းတစ်ခုပါ။ ရန်ကုန်နဲ့ပုသိမ်သွားတဲ့နေရာမှာ ပထမကားလမ်းပဲ အဓိကအားကိုးနေရတဲ့ အတွက် အနည်းဆုံးလေးနာရီလောက် သွားရတယ်။ ခရီးသွားကြန့်ကြာမှုတွေရှိခဲ့တယ်။ အမြန်သွားချင်တဲ့သူတွေလည်း တော်တော်အခက်အခဲ ရှိပါတယ်။ ပြည်တွင်းသူများ အလွယ်တကူသွားနိုင်ဖို့အတွက်နဲ့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းများ လှည့်လည်သွားလာသူ များ နိုင်ငံခြားသားအတွက် လွယ်ကူဖို့ကိုလည်း ကျွန်တော်တို့ လေကြောင်းလိုင်းကို ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆက်လက်ပြောကြားသည်။
အဆိုပါ ရန်ကုန်-ပုသိမ်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်အား နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် Asia World Group of Companies ၏ လက်အောက်ခံ International Travel Asia Co.,Ltd တို့မှပူးပေါင်း ပြေးဆွဲခြင်းဖြစ်ဖြစ်ပြီး ခရီးသည် ၇၂ ဦး ပို့ ဆောင်ပေးနိုင်သည့် ART -72-600 လေယာဉ်အမျိုးအစားဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှပုသိမ်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၅၅ သတ်မှတ်ထားကာ ပုသိမ်-ရန်ကုန် ခရီးစဉ်အား ၅၃ ဒေါ်လာသတ်မှတ်ထားကာ မြန်မာငွေကျပ်ဖြင့် ခန့်မှန်း ကျပ် ၅၅၀၀၀ နှင့် ကျပ် ၅၃၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
