၂၀၁၅ ခုနှစ်တွင် အလုပ်ဝင်ရောက်သော တက္ကသိုလ်များရှိ နည်းပြ၊ သရုပ်ပြများအား လုပ်သက်ပြည့်မီပြီဖြစ်သောကြောင့် ရာထူးတိုးမြှင့်ပေးရန် ၂၀၁၅ ခန့်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ဒီဂရီကောလိပ် ဆရာ/ဆရာမများ ကိုယ်စားပြုကော်မတီက တောင်းဆိုလိုက်ကြောင်း သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာန(အဆည)၏ ရာထူးတိုးမှုအရ ၂၀၁၅ ခုနှစ် ခန့်နည်းပြ၊ သရုပ်ပြများသည် ရာထူးတိုးမြှင့်ခန့်ထားနိုင်မည့် သတ်မှတ်လုပ်သက်ထက် ၁၁ လခန့် ကျော်လွန်နေပြီဖြစ်ပြီး သြဂုတ်လကတည်းကပင် လက်ထောက်ကထိကမှ ပါမောက္ခ ရာထူးတိုးများ နည်းတူရာထူးတိုး၊ ပြောင်းရွှေ့ လျှောက်လွှာများ တင်ထားပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ဒီဇင်ဘာ ၃ ရက်တွင် ပါမောက္ခ၊ လက်ထောက်ကထိက ရာထူးတိုး အပြောင်းအရွှေ့များ ထွက်လာသော်လည်း ၂၀၁၅ ခန့် နည်းပြ သရုပ်ပြများ၏ ရာထူးတိုး ပြောင်းရွှေ့များကို တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ ခြင်းမရှိသဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များမှ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကူးပြောင်းခန့်ထားခြင်း ခံရသော နည်းပြ၊ သရုပ်ပြအချို့တို့ သည်လည်း လုပ်သက်ပေါင်းပေး စနစ်ဖြင့် ရာထူးတိုးမြှင့်ရန်အတွက် မည်သည့် ရေးဖြေ နှုတ်ဖြေ စာမေးပွဲမျှမဖြေဆိုရဘဲ လက်ထောက် ကထိကရာထူးကို ၂၀၁၇ ခုနှစ် မတ်လတွင် တိုးမြှင့်ခံစားခဲ့ကြရသကဲ့သို့ ၂၀၁၅ ခန့် နည်းပြသရုပ်ပြများသည်လည်း ရာထူး တိုးမြှင့်၊ ပြောင်းရွှေ့ပေးခြင်းကို ခံယူထိုက်ကြောင်း ၂၁၀၅ ခန့်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဒီဂရီ ကောလိပ်ဆရာ/ဆရာမများ ကိုယ်စားပြု ကော်မတီက ပြောကြားသည်။
၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက ရာထူးတိုး၊ပြောင်းရွှေ့ရန် ခေါ်ယူသော အမိန့် ကြော်ငြာစာတွင်လည်း စာမေးပွဲဖြေဆိုရမည်ဟု ပါရှိခြင်းမရှိခဲ့သောကြောင့် စာမေးပွဲ ထပ် မံဖြေဆိုရန်မလိုဘဲ တိုက်ရိုက်ရာထူးတိုးမြှင့် ပေးရန် လိုလားကြောင်း သိရသည်။
“ရာထူးတိုးအတွက် စာမေးပွဲ ဖြေတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တက္ကသိုလ်ဝန်းကျင်မှာ မအပ်ဆက်တဲ့ အယူအဆ တစ်ခုပေါ့။ တက္ကသိုလ်မှာ အလုပ်စခန့်ထားတုန်းကပဲ စာမေးပွဲဆိုတာ ရှိတယ်။ ကျွန်တော် တို့ တောင်းဆိုထားတာက ဆရာ၊ဆရာမတွေကို ရာထူးတိုးအတွက် စာမေးပွဲလုပ်တာက ဗျူရိုကရေစီယန္တရားကို ပျက်စီးရာ ရောက်တယ်။ ဆရာတစ်ယောက်ရဲ့ အရည်အချင်းကို Presentation ကိုကြည့်တယ်။ ကျောင်းသား တွေ လက်ခံနိုင်တဲ့ အရည်အသွေးကို ကြည့်တယ်။ အရည်အချင်းအရ ရာထူးတိုးရတာ။ ရာထူးတိုးအတွက်က ကျောင်းသားတွေရဲ့ Necessary ကိုပဲ ကြည့်တယ်။ စာမေးပွဲစစ်တာက ဆရာ၊ ဆရာမတွေအတွက် မသင့် တော်ဘူး။ ရာထူးအတွက် စာမေးပွဲဖြေစရာ မလိုတော့ဘူးဆိုပြီး အခြေခံကျောင်းတွေမှာတောင် ကျင့်သုံးနေပြီး ဆရာတွေကို စာမေးပွဲစစ်တယ်ဆိုတာ ဒီမိုကရေစီနိုင်ငံရဲ့ သွင်ပြင်လက္ခဏာကို ပျက်သုဉ်းစေတယ်” ဟု ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ကထိက ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။
ထို့ကြောင့် ၂၀၁၅ ခန့်နည်းပြ ၊သရုပ်ပြများအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာအတွင်း နောက်ဆုံးထားပြီး ရာထူးတိုးမြှင့် ပြောင်းရွှေ့ခန့်ထားပေးခြင်းအား လုပ်ဆောင်ပေးရန် တောင်းဆိုကြောင်း သိရသည်။
ထိုသို့ ရာထူးတိုး၊ ပြောင်းရွှေ့ပေးရန် ကြန့်ကြာနေခြင်းအတွက် ပညာရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် ပညာ ရေးမြှင့်တင်မှုကော်မတီနှင့် အဆင့် မြင့်ပညာဦးစီးဌာန စသည့်ဌာနငါးခုသို့ ဒီဇင်ဘာ ၁၃ ရက်က စာပေးပို့တောင်းဆိုခဲ့ကြောင်း သိရသည်။
လက်ထောက်ကထိက ရာထူးတိုးရန် လျှောက်ထားသူများ ၁၂၀၀ ခန့်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
