ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိခိုလှုံလာမှုများရှိ နေကြောင်း သိရသည်။
အဆိုပါ တိမ်းရှောင်လာသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်မှ မိကျောင်းခုတ်ကျေးရွာ၊ အဝရွာတို့မှ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၂၀ တို့မှာ ဇီးရွာနှင့်ပြင်ချောင်းသို့ ရောက်ရှိ ခိုလှုံလျက်ရှိကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “သူတို့က ပုဏ္ဏားကျွန်းမြို့နယ်ကနေပြီး ခက်ခက်ခဲခဲနဲ့ တောင်တွေကိုကျော်ပြီး ဘူးသီးတောင်နယ်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ လူဦးရေ ၁၂၀ ပါတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အခုထိတော့ စားသောက်ရေးအတွက် ကူညီပံ့ပိုးပေးမှုတွေ လိုအပ်နေတုန်းလို့ သိရပါတယ်” ဟု ပြောကြားသည်။
ထို့နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများတွင် မြိုလူမျိုးနှင့် ရခိုင်လူမျိုးများ ပါဝင်ပြီး တချို့မှာ ရွာကို ပြန်လည် သွားရောက်ကြသည်များလည်းရှိကာ လက်နက်များ၊ ကျည်ဆန်များ ထိမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်ကြခြင်းဖြစ်ကြောင်းနှင့် စားသောက်ဖွယ်ရာများ ယူဆောင်မလာနိုင်သည့်အတွက် စားသောက်ရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ဆိုသည်။
အလားတူစွာပင် အထက်သင်းပုန်းတန်း ကျေးရွာတွင်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃၀၀ ကျော်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
