နာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်း ဒေသကြီးဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာရပါက အလွယ် တကူရှောင်တိမ်းနိုင်ရန်နှင့် မြစ်ဝကျွန်းပေါ်ဒေသပြန်လည်ဖွံ့ဖြိုးရေးအတွက် ဖောက် လုပ်ခဲ့သည့် မဟာဗျူဟာ လမ်းမကြီးများ အနက် အမှတ ်(၅) လမ်းမကြီးဖြစ်သည့် ဘို ကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းမကြီး မှာ လမ်းပိုင်းတစ်လျှောက် ဆိုးရွားစွာပျက်စီး နေပြီး တံတားများကြ့ံခိုင်မှုနှင့် ကြမ်းခင်းများမှာလည်း ပျက်စီးနေမှုများကြောင့် ဒေသခံ ပြည်သူများအနေဖြင့် လမ်းခရီးသွားလာရာ နှင့် ကုန်စည်ပို့ဆောင်ရာတွင် အခက်အခဲ များစွာ ကြုံတွေ့နေရခြင်းကို ဖြေရှင်းဆောင် ရွက်ပေးနိုင်ရန်အတွက် တံတားများ ပျက်စီးနေမှုအား လပိုင်းများအတွင် အမြန်ဆုံး ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းမကြီးမှာ လမ်းမိုင် ၄၂ မိုင်ရှည်လျားပြီး လမ်းပိုင်းပေါ်တွင် ပေ ၁၀၀ အောက် တံတား ၂၅ စင်း၊ ပေ ၁၀၀ အထက် တံတား ၁၂ စင်း အထိရှိကြောင်း၊ နာဂစ်မုန်တိုင်းအပြီးတွင် အရေးပေါ် ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်ပြီး လမ်းပိုင်းနေရာ အများစုမှာ မြေသားလမ်း အဆင့်သာ ရှိသေးပြီး ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နေဆဲဖြစ်ကြောင်း၊ မိုးတွင်းကာလတွင် ယာဉ်အသွားအလာများကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရပြီး လမ်းပိုင်းတစ်လျှောက်ရှိ တံတားများမှာလည်း ကြံ့ခိုင်မှုအားနည်းခြင်း တံတားကြမ်းခင်း သစ်သားများ ဆွေးမြည့်ကာ ကျိုးကျနေခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ပျက်စီးနေသော တံတားများကို ယာယီအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သစ်သားအစားထိုး လဲလှယ်ခြင်းများကို ယခုလပိုင်းအတွင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေရှည်ခိုင်ခံ့စေရန်အတွက် သံပေါင်များ ကွန်ကရစ်များကို အသုံးပြုကာ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“အဓိက,ကတော့ လမ်းအမှတ်(၅) ဘို ကလေး-ချောင်းဗြဲကြီး-ကြိမ်ချောင်း-ကဒုံ ကနိလမ်းပေါ်မှာရှိတဲ့ ချောင်းဗြဲကြီး တံတား လိုဟာမျိုးဆိုရင်တော့ ပေ ၁၀၆၀ ရှိတာပေါ့ နော်။ ကြမ်းခင်းက သစ်သားတွေနဲ့ လုပ်ထား တာဆိုတော့ တော်တော်လေးလည်း ပျက်စီး နေတာကို တွေ့ရပါတယ်။ အဲဒီလိုတွေ့ရလို့ တံတားအထူးအဖွဲ့ ၁၆ ကနေပြီးတော့ တာဝန်ယူရပါတယ်။ တိုင်းပြင်ထိန်းရန်ပုံငွေမှာ လည်း ပါပါတယ်။ အခုအားချင်း ထိုးထိုး ထောင်ထောင်ဖြစ်နေတဲ့ သစ်သားတွေကို အမြန်ဆုံး သစ်သားအစားထိုးပြီးတော့ သွား လို့ရအောင် ဆောင်ရွက်မယ်။ ပြီးရင် တံတား အထူးအဖွဲ့ ၁၆ ကပဲ အကြံပြုပါတယ်။ သူတို့ စဉ်းစားထားတာက ရေရှည်အတွက်ဆိုရင် သစ်သားနေရာမှာ သံပေါင်တွေပါကူပြီး တော့ ပြင်ဆင်ဖို့ လုပ်ဆောင်သွားမှာပါ။ ကျွန် တော့်ဆီကိုလည်း လာပြီးတော့ တင်ပြထား ပြီးပါပြီ။ သစ်နဲ့ဆိုရင် တင်ဒါစည်းမျဉ်းစည်း ကမ်းနဲ့ သွားရမှာမို့ ဒါကိုချိန်နေတာပါ။ အမြန် ဆုံးလုပ်ဆောင်ပြင်ဆင်ပေးဖို့ ကျွန်တော် ပြောထားပါတယ်။ တံတားတွေကိုလည်း တန်ချိန် ကန့်သတ်ထားတာ ရှိပါတယ်။ မနှစ် ကဆိုရင် လမ်းပိုင်းတွေမှာ ကတ္တားနဲ့ပါချိန် ပြီးတော့မှသွားဖို့ ကြပ်ကြပ်မတ်မတ် လုပ်ခဲ့ပါတယ်။ လမ်းဦးစီးဌာန တစ်ခုတည်းနဲ့လည်း ဒါကိုဆောင်ရွက်လို့မရပါဘူး။ ပြည်သူတွေကလည်း ပူးပေါင်းကူညီဆောင်ရွက်မှ ရပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းမကြီးနှင့် လမ်းပိုင်းပေါ်တွင် တည်ဆောက်ထားပြီးတော့ တံတားများ၏ ပျမ်းမျှခံနိုင်ဝန် တန်ချိန်မှာ ခြောက်တန်မှ ၁၀ တန် အထိသာ သတ်မှတ်ထားသော်လည်း မိုးကာလအတွင်း ကုန်တင်ယာဉ်အချို့က တန်ပိုများ တင်ဆောင်ကာ သွားလာမှုကြောင့် လမ်းပိုင်းပျက်စီးမှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
