Top News

မော်လိုက်မြို့မှ မင်းကင်းမြို့သို့ ထွက်ခွွာလာသော ခရီးသည်ယာဉ်တစ်စီး မင်းကင်းမြို့နှင့် မြို့မကျေးရွာအကြား တိမ်းမှောက်၍ ခရီးသည်နှစ်ဦးသေဆုံး
24htopnews | October 9, 2024 5:12 AM CST

မော်လိုက်မြို့မှ မင်းကင်းမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ်တစ်စီးသည် မင်းကင်းမြို့နှင့် မြို့မကျေးရွာ အကြားတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည်နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

“ကားပေါ်မှာပါတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဝကို ဆက်သွယ်ပြီး ကလေးဝကတစ်ဆင့် မင်းကင်းမြို့ကို ဆက်သွယ်လို့ ကျွန်တော်တို့ က ည ၁၂ နာရီဝန်း ကျင်လောက်မှ ပါရမီလူမှုကူညီရေးကားတွေ စုစည်းပြီး သွားကယ်တာ။ ကျွန်တော်တို့ အောက်ကိုဆင်းတော့ လမ်းကြောင်းရှာတာ ၁၀ မိနစ်လောက်ကြာတယ်။ အောက်ထဲကို ချောင်းထဲက အတိုင်းဆင်းပြီး သွားရတာ။ ကားကျတဲ့နေရာက ခန့်မှန်းခြေအမြင့်က ပေ၃၀၀ လောက်ရှိတယ်။ သယ်ထုတ်တဲ့နေရာ ကလည်း အခက်အခဲရှိတယ်။ ချောင်းအတိုင်း ဆန်တက်တော့ လှည်းလမ်းကြောင်းတွေ့လို့ အဲဒီကတစ်ဆင့် ကားတွေကို ခေါ်ပြီး သယ်ရ တယ်။ လူနာတွေကို နံနက် ၂ နာရီခွဲစသယ်ရ တယ်။ နံနက် ၅ နာရီခွဲမှ မင်းကင်းဆေးရုံ နောက်ဆုံးရောက်တယ် ။ မိုးရွာတော့ လမ်းက လည်း ချောနေတယ်။ Dead Body နှစ်ခုက တော့ နံနက် ၉ နာရီမှ မင်းကင်းဆေးရုံရောက်တယ်။ သူတို့ ဖြစ်တဲ့ အချိန်က ည ၁၁နာရီ ၃၀ မိနစ် လောက်ဖြစ်ခဲ့တယ်လို့ ခန့်မှန်းတယ်။ ကျွန်တော်တို့ရောက်မှ ကားထဲက တချို့ဆွဲ ထုတ်ရတယ်။ အရိုးကျိုးတဲ့ကလေး တစ်ယောက်ကလည်း တတ်နိုင်သလောက် ဆွဲထုတ်ပေးထားတယ်။ ကားသမားမေးကြည့်တော့ ကားကြီး ဖြတ်လာတာကို ရှောင်လိုက်တာကနေ အောက်ဘက်ကို ထိုးကျတယ်လို့ ပြောပါ တယ်။ မိုးကလည်း ဖွဲဖွဲလေးရှိတော့ မှိုင်းက နည်းနည်းလေးရှိတယ်။ အခင်းဖြစ်ပွားရာနဲ့ မင်းကင်းမြို့ နဲ့ ၄၅ မိနစ်လောက်ကြာတယ်။ မိုင်တိုင်အ မှတ် ၇၀ မှာ ဖြစ်တာ။ မြို့မကျေးရွာကနေ တက်တက်ချင်းကွေ့မှာဖြစ်တာ။ ကားကတော့ လောလောဆယ် အောက်ထဲမှာ၊ ရဲတပ်ဖွဲ့တွေကို အစောင့်ထားခဲ့တယ်။ အမျိုးသမီး တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်အသစ် စုဆောင်းလာသူ တစ်ဦးတို့က မိသားစုနဲ့ အဆက်အသွယ် မရသေးတာရှိတယ်။ ကလေးတစ်ဦးက ဘာမှမဖြစ်ဘူး။ ခရီးသည်အားလုံးက ကလေးငယ်နဲ့ ကားမောင်းသူ အပါအဝင် အားလုံး ၁၀ ယောက်ပါ” ဟု မင်းကင်းမြို့ပါရမီ လူမှုကူညီရေးအသင်းမှ ကိုစိုးလင်းမောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ညပိုင်းက မော်လိုက်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော ရွှေကောင်းကင်ယာဉ်လိုင်း အသင်းမှ ကားတစ်စီးသည် မြို့မကျေးရွာနှင့် မင်းကင်းကျေးရွာတို့ အကြား ( မြို့မကျေးရွာနှင့် တစ်မိုင်ခန့်အကွာ) အခင်းဖြစ်ပွားရာ အရောက်တွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ယာဉ်တစ်စီးအား တိမ်းရှောင်ရာမှ အရှိန်လွန်ပြီး ကားလမ်းဘယ်ဘက်ရှိ ပေ ၃၀၀ ခန့်ရှိသော ချောက်အတွင်းသို့ ထိုးကျခဲ့သည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ကိုးဦး (ကလေးတစ်ဦး အပါအဝင်)နှင့် ယာဉ်မောင်းတို့ လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်နှစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါလာသူများ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည် ။

“မော်လိုက်ကနေ မုံရွာကို ၆ နာရီ ထွက်လာတဲ့ကားပါ။ သေဆုံးတာက ရဲတပ်ကြပ် တစ်ယောက်နဲ့ တပ်ကြပ်ကြီးစာရေး တစ်ယောက်ပါ ။ ဒရိုင်ဘာက မသေပါဘူး။ ညာဘက်ပေါင်နဲ့ညာဘက်ညှပ်ရိုး ကျိုးပါတယ်။ မြို့မနဲ့ မင်း ကင်းကြား အရပ်ခေါ် နတ်စင်ကွေ့လို့ ခေါ်တဲ့ နေရာမှာ ပေ ၃၀၀ အမြင့်လောက်ကနေ ထိုးကျသွားတာ။ မင်းကင်းမြို့က ပါရမီအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က မင်းကင်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့အထင် တောင်ပေါ်မြူခိုးကြောင့် လမ်းပျောက်ပြီး ပုံမှန်လမ်းကို မကွေ့နိုင်ဘဲ၊ ချောက်ထဲကျတယ်လို့ ထင်ပါတယ်” မင်းကင်းမြို့မြို့မရဲစခန်းမှ ရဲမှူးကိုဌေးက ပြောကြားသည် ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ် (ပ) ၁၀/၂၀၁၈ ၊ ပုဒ်မ - ၃၀၄ - က/၃၃၇/၃၃၈ တို့ဖြင့် မင်းကင်းမြို့ မြို့မရဲစခန်းတွင် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည် ။

 


READ NEXT
Cancel OK