Top News

ငါးရှာသွားရင်း ပျောက်ဆုံးနေသည့် အထက်ပြူးမ ကျေးရွာသားနှစ်ဦး၏အလောင်း ပြူးမချောင်းကမ်းပါးတွင် တွေ့ရှိ
24htopnews | October 9, 2024 5:12 AM CST

ငါးရှာသွားရင်း ပျောက်ဆုံးနေသည့် အထက်ပြူးမ ကျေးရွာသားနှစ်ဦး၏ လည်လှီးသတ်ဖြတ် ခံထားသည့် အလောင်းအား ပြူးမချောင်းကမ်းပါးတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီကျော်က တွေ့ရှိခဲ့ကြောင်း သိရသည်။

လည်ပင်းလှီး သတ်ဖြတ်ခံထားရသည့် အလောင်းနှစ်လောင်းကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က အထက်ပြူးမကျေးရွာ၏ မြောက်ဘက် ငါးဖာလုံခန့်အကွာ ပြူးမချောင်းအရှေ့ဘက် ကမ်းချောင်းစပ် လယ်ကွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက်ပြူးမကျေးရွာမှ ငါးရှာသွားရင်း သတ်ဖြတ်ခံခဲ့ရသည့် အထက်ပြူးမကျေးရွာသား နှစ်ဦးမှာ ဦးမောင်ထွန်းအေး ဆိုသူနှင့် ဦးမောင်မောင်သန်းတို့ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီကျော်အချိန်က လှေဖြင့် ငါးရှာသွားခဲ့ကြရာမှ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ကျေးရွာသားများက ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှာပျောက်နေတဲ့နှစ်ယောက်လုံးကို သေဆုံး လျက်အလောင်းကို တွေ့ပါတယ်။ တွေ့တဲ့ နေရာကအထက်ပြူးမကျေးရွာရဲ့ မြောက် ဘက်  ငါးဖာလုံလောက်အကွာအဝေး ပြူးမ ချောင်းရဲ့ အရှေ့ဘက်ကမ်းလယ်ကွင်းမှာဒီ အတိုင်း လည်ပင်းလှီးဖြတ်ထားတဲ့ ဒဏ်ရာ တွေနဲ့တွေ့တာပါ။ မနေ့က တစ်ရက်လုံး ချောင်းအနောက်ဘက်မှာရှာခဲ့ပေမယ့် မတွေ့ ခဲ့ဘူး။ ဒီကနေ့ မနက်အစောကြီးကစလို့ အနီး အနားက ရွာအားလုံးက ရွာသားတွေ ဝိုင်းရှာ ခဲ့ကြတာဖြစ်ပါတယ်” ဟု လောင်းဒုံကျေးရွာသား ကိုကျော်ဝင်းက ဆိုသည်။

အဆိုပါ အထက်ပြူးမကျေးရွာမှ ဦးမောင်ထွန်းအေးနှင့် ဦးမောင်မောင်သန်းတို့ နှစ်ဦးသည် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က ငါးရှာထွက်သွားခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပြန်လာနေသည့် ည ၁၀ နာရီကျော်အချိန်အထိ ပြန်မရောက်သဖြင့် ရွာသားများက ရှာဖွေခဲ့ကြသော်လည်း လှေနှင့် ကျိုးနေသည့် လှော်တက်များကိုသာ တွေ့ရှိပြီး သူတို့နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

အထက်ပြူးမ ကျေးရွာသည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ARSA အစွန်းရောက် ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တစ်ရွာလုံး နေရပ်စွန့်ခွာခဲ့ရပြီးနောက် နေအိမ်များ ဆောက်လုပ်နေထိုင် နေကြသော်လည်း လက်ရှိတွင် အိမ်ခြေ ၁၄ အိမ်သာရှိပြီး ရွာသားများမှာ ငါးရှာ၊ ကဏန်းရှာကာ ရောင်းချစားသောက် နေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အလားတူဒီဇင်ဘာ ၁၇ ရက်ည ၁၁ နာရီကျော်ခန့်က မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ မာရာမာကြီး တိုင်းရင်းသားများဖြစ်သော ဦးစောထွန်းဦး (ဘ) ကာယာ ၃၅ နှစ်နှင့် ဦးမောင်လှ (ဘ) ဦးခေါ်နာဒေါင်တို့သည် ကြိမ်ချောင်းကျေးရွာမှ ရေမိုင်သုံးမိုင်ခန့်အကွာ အထက်ပြူးမကျေးရွာမှ တစ်မိုင်ခန့်အကွာ အထက်ပြူးမ ကျေးရွာနှင့် မြောချောင်းဘင်္ဂါလီ ကျေးရွာအကြား ပြူးမချောင်းတွင် လှေတစ်စင်းဖြင့် ငါးရှာနေစဉ် ဘင်္ဂါလီခြောက်ဦးက စက်လှေနှစ်စင်းဖြင့် လာရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အော်ဟစ် အကူအညီ တောင်းသဖြင့် အထက်ပြူးမ ကျေးရွာသားများ လိုက်လာခဲ့သဖြင့် အသက်မသေဘဲ ထွက်ပြေးလွတ်မြောက် လာခဲ့သော်လည်း ဦးမောင်လှတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ဦးစောထွန်းဦးတွင် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK