ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ဒေသထွက် မုန်လာဥများ ပိုးကျသောကြောင့် နုတ်ယူခြင်းမရှိဘဲ အခင်းလိုက်ပစ်ထားရ၍ ဒေသခံတောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ မုန်လာဥကို ပြည်ဒေသ မှော်ဇာကျေးရွာအုပ်စုအတွင်း စီးပွားဖြစ် အဓိက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် မုန်လာခင်းများတွင် မြေအောင်းပိုတစ်မျိုးက မုန်လာဥများအား ကိုက်စားခြင်းများကြောင့် ဥများတွင် ပိုးကိုက်ရာများ ပါရှိခြင်း၊ အလုံးမလှခြင်း၊ သေးခြင်းများဖြစ်ပေါ်ခဲ့ကာ စျေးကွက်တွင် စျေးနှုန်း ကျဆင်းရခြင်းကြောင့် နုတ်ယူခြင်းမပြုဘဲ ပစ်ထားရကြောင်း ဒေသခံများက ပြောကြားသည်။
“မုန်လာဥကို ပိုးထိုးတော့ အဝယ်အသွားတယ် ပစ္စည်းက မလှဘူးလေ။ ပစ္စည်းလှရင်တော့ စျေးကွက်ဝင်တာပေါ့။ မနှစ်က ဒီလောက်မဆိုးဘူး။ ဒီနှစ်က အတော်ကိုဆိုးတာ ပုပ်တာကတစ်မျိုး၊ ရောဂါဝင်တာက တစ်မျိုးပေါ့။ ရောင်းတဲ့အခါကျတော့ အပေါ်ယံကို ကြည့်ရောင်းကြတာလေ။ အထဲက အဲလောက်မဖြစ်ပါဘူး။ ဘာလို့ဖြစ်တယ်ဆိုတော့ ရာသီဥတုကြောင့်ပဲလို့ထင်တယ်” ဟု တောင်လုံးညို ကျေးရွာမှ ကိုရဲမင်းထွန်းက ပြောကြားသည်။
ပိုးထိုးများသည့် အခင်းများတွင် နုတ်ယူမည် ဆိုပါက လုပ်သားခ ထပ်မံကုန်ကျမည်ဆိုး၍ နုတ်ယူခြင်းမရှိဘဲ ပစ်ထားရမှုများရှိကြောင်း မုန်လာဥစျေးမှာလည်း ယခင်နှစ်က တစ်ဥလျှင် ကျပ် ၅၀ ခန့်မှ ယခုနှစ်စျေးမှာ ၃၅ ကျပ်သာ ရရှိတော့ကြောင်း ဒေသခံများက ပြောကြားသည်။
“ပိုးကျတာ ဘယ်တုန်းကမှ မဖြစ်တဲ့ အခင်းတွေတောင် ဒီနှစ်ဖြစ်တယ်။ ၁၀ ခင်း တစ်ခင်းလောက်ပဲကောင်းတာ။ ကျွန်မတို့အခင်းကတော့ အကုန်လုံး ပစ်လိုက်ရတယ်။ မျိုးဖိုး ရေဆေးဖိုး ဘာမှပြန်မရဘူး။ ဒီပုံစံဆို နောက်နှစ် မုန်လာပြန်စိုက်ဖို့တောင် စဉ်းစားရတော့မယ်” ဟု မုန်လာစိုက်တောင်သူ ဒေါ်ဝိုင်းကြည်က ပြောကြားသည်။
ပိုးထိုးမှုများကြောင့် ယခင်နှစ်များအတိုင်း သီးနှံဒိုင်များက အခင်းပျက်ဝယ်ယူခြင်း မရှိတော့ကြောင်း ရာသီပေါ်သီးနှံများ ဖြစ်ခြင်းကြောင့် ဝယ်ယူမည့်သူ မရှိပါက အချိန်လွန်ကာ ရင့်ကုန်သည့်အတွက် အခြားသီးနှံ ပြောင်းလဲ စိုက်ပျိုးရကြောင်း ဒေသခံများကဆိုသည်။
ပြည်မြို့နယ်တွင် မုန်လာဥ အပါအဝင် ရာသီပေါ်ပန်းနှင့် စားကောက်ကုန်သီးနှံများ အများအပြား စိုက်ပျိုးရာ ဒေသများအဖြစ် မှော်ဇာ၊ တောင်လုံးညို၊ ကင်းမွန်းခြုံ၊ တောင်လက်ခုပ်ပင်၊ ဗြဟော်နှင့် အခြားကျေးရွာများတွင် စိုက်ပျိုးကြကာ ဆင်းမြီးဆွဲမြို့၊ သဲကုန်း၊ အင်းမ၊ ဝက်ပုတ်တို့တွင်လည်း စိုက်ပျိုးကြပြီး ရန်ကုန်စျေးကွက်သို့ အများဆုံး တင်ပို့ရောင်းချကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
