ထိုင်းနိုင်ငံရှိ နေရာအသီးသီးတွင် ဖမ်းဆီးခံရပြီး အချုပ်ကျခံခဲ့ရသည့် မြန်မာရွေ့ပြောင်း လုပ်သား ၉၉ ဦးမှာ ကော့သောင်းနယ်စပ်ဂိတ်သို့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနှောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ၈၆ ဦး၊အမျိုးသမီး ၁၃ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများမှာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် နေပြည်တော်မှဖြစ်ကြ ကြောင်းသိရသည်။ မြန်မာရွှေ့ပြောင်း လုပ်သားများကို ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး မဥ္ဇူသက ခန်းမတွင် နေရာချထားပေးကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ထိုင်းလဝကမှ မြန်မာနိုင်ငံကို ပြန်ပို့ ပေးတာပါ။ ထိုင်းနိုင်ငံတစ်ဝန်းမှာ ဖမ်းမိထားတဲ့သူတွေပါ။ သူတို့ကို မြန်မာနိုင်ငံက ပြန်လာဖို့ ကူညီဆောင်ရွက်ပေးခဲ့တာပါ” ဟု နယ်ခြားကော်မတီမှ လိုက်ပါဆောင်ရွက်ပေးသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများမှ ၆၅ ဦးမှာမြို့ နယ် ထွေ/အုပ် ဦးစီးဌာန၏ အစီအစဉ်ဖြင့် ကော့သောင်းမြို့မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး ကော့သောင်းဒေသခံ ၁၈ ဦးမှာလည်း နေအိမ်များသို့ ပြန်သွားနိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့် ၁၆ ဦးမှာပြန်ရန်လမ်းစရိတ် အခက်အခဲ ဖြစ်နေပြီး ကော့သောင်းမြို့ ရွှေပြည်စိုး ကျေးရွာအုပ်စု (၄) မိုင်ရှိ လူကုန်ကူးခံရသူများအား ယာယီထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတွင် နေရာချထားပေးကြောင်း သိရသည်။
ဒီဇင်ဘာ ၁၈ ရက်တွင် ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သွားရောက် လုပ်ကိုင်ခြင်း၊ အထောက်အထား စာရွက်စာတမ်းများ မပြည့်စုံခြင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အား ချိုးဖောက်မိသောကြောင့် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများကို ပွဲစားများက အထောက်အထား လက်မှတ်အတုများ ပြုလုပ်ပေးကာ ခေါ်ယူသွားတတ်ပြီး ထိုင်းနိုင်ငံမှ ရဲများစစ်ဆေးမှ အတုမှန်းသိကာ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ကော့သောင်းနယ်စပ်ဂိတ်သို့ ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ နှစ်လအတွင်း ၃၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
