Top News

သရုပ်ဆောင် မိုးအောင်ရင် အမှုနှင့် ကချင်စစ်ပွဲကြောင့် ပိတ်မိနေသူ ခေါ်ယူရေး ဆန္ဒပြပွဲဦးဆောင်သူတို့ အမှုများနှင့် ပတ်သက်၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေဖြင့် တရားမျှတမှု ရှိ၊ မရှိ ပြည်သူများသိအောင် ထုတ်ပြန်ပေးပါက လွှတ်တော်ကို ပိုမိုယုံကြည်လာမည် ဖြစ်ကြ
24htopnews | October 9, 2024 5:12 AM CST

သရုပ်ဆောင် မိုးအောင်ရင်အမှုနှင့် ကချင်စစ်ပွဲကြောင့် ပိတ်မိနေသူခေါ်ယူရေး ဆန္ဒပြပွဲဦးဆောင်သူတို့ အမှုများနှင့် ပတ်သက်၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေဖြင့် တရားမျှတမှု ရှိ မရှိ ပြည်သူများသိအောင် ထုတ်ပြန်ပေးပါက လွှတ်တော်ကို ပိုမိုယုံကြည် လာမည်ဖြစ်ကြောင်း အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက် နေ့တွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေး နွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

“ကော်မတီအနေနဲ့လည်း ဒီသီတင်း ပတ်တစ်ပတ်နှစ်ပတ်အတွင်း ပြည်သူတွေ ကြားမှာ အပြင်းအထန်ဝေဖန်နေတဲ့ သရုပ် ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးမှုနဲ့ ပတ် သက်ပြီး တရားမျှတမှုရှိမရှိ နိုင်ငံတကာအဖွဲ့ အစည်းတွေ ကြားကန့်ကွက်နေကြတဲ့ ကချင် ပြည်နယ်က စစ်ပွဲကြောင့် ပိတ်မိနေသူခေါ် ယူရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ဦးဆောင်သူတွေကို ထောင်ဒဏ်ခြောက်လနဲ့ ငွေဒဏ်ငါးသိန်း ချမှတ်တာနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိ မရှိ လေ့လာကာ ပြည်သူများ သိအောင် ကော်မတီအနေနဲ့ သတင်းထုတ် ပြန်ပေးပါက လွှတ်တော်ကြီးဟာ ပြည်သူ့ အသံကိုနားထောင်သော အချိန်နှင့်တစ်ပြေး ညီဖြစ်ပေါ်နေသော တရားရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေကြောင်း ပြည်သူတွေက သိရှိကာ လွှတ်တော်ကြီးကို ပိုမိုယုံကြည် ကိုးစားလာမှာဖြစ်ပါတယ်” ဟု ဦးလ မာနော်အောင်က ပြောကြားသည်။

ထို့ပြင် ကော်မတီ၏ အဓိကရည်ရွယ် ချက်ဖြစ်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများတွင် မှန်ကန်မှု တရားမျှတမှုရှိစေရေး၊ တန်းတူညီမျှအခွင့်အရေး လွတ်လပ်မှု အခွင့်အရေး စသည်တို့အတွက် ဆောင်ရွက်နေရာတွင် တိုင်ကြားစာ တုံ့ပြန်ဆောင်ရွက်ခြင်းသည် နည်းလမ်းတစ်ခုသာ ဖြစ်သင့်ပြီး အခြားနည်းလမ်းကိုလည်း သုံးသင့်ကြောင်း၊ အထူးသဖြင့် ပြည်သူများကြားတွင် လူပြောများနေသော တရားစီရင်ရေး ကိစ္စနှင့် နိုင်ငံတကာ စိတ်ဝင်စားနေသည့် တရားရေး ကိစ္စများကို ကော်မတီအနေဖြင့် တိုင်စာလာမှ တုံ့ပြန်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ဘက်က တက်ကြွစွာဖြင့် လွှတ်တော်ကြီး၏ကိုယ်စား တရားမျှတမှု ရှိ မရှိ လေ့လာတုံ့ပြန်သင့်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ခြင်းအား ဖြင့်ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်ကြီးအနေဖြင့် ပြည်သူလူထု ယုံကြည်ကိုးစားမှု ပိုမိုရရှိလာမည်ဖြစ်ကာ နိုုင်ငံတကာတွင်လည်း အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နေသော လွှတ်တော်အဖြစ် ဂုဏ်သတင်း ပိုမိုကျော်ကြားလာမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ဒီမိုကရေစီစနစ်တွင် ပြည်သူများအနေဖြင့် မိမိထင်မြင်ယူဆချက်နှင့် မိမိယုံကြည်ရာကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိရမည်ဖြစ်ရာ လွယ်လင့်တကူ ဖမ်းဆီးချုပ်နှောင်မှု ဖြစ်စေပါက ပြည်သူများ၏ ဒီမိုကရေစီစနစ်နှင့် အစိုးရအပေါ် ယုံကြည်စိတ် လျော့ကျလာနိုင်ကြောင်း ဦးလမာနော်အောင်က ပြောကြားသည်။                                   

 


READ NEXT
Cancel OK