နိုင်ငံတော်အနေဖြင့် ကျောင်းများတွင် နွားနို့တိုက်နိုင်ရန် စပြီးဦးတည်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့ နိုင်ငံတော်အနေနဲ့ တတ်နိုင်သမျှ ကျောင်းမှာနွားနို့တိုက်နိုင်ဖို့ ဒါကို ကျွန်မတို့စပြီးတော့ ဦးတည်နေပါတယ်။ ဒါပေမဲ့ ဒါဟာ တစ်နိုင်ငံလုံး လုပ်ဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ နွားနို့လုံလုံလောက်လောက် အားလုံးကိုတိုက်ဖို့ ဆိုတာဟာ ကုန်ကျစရိတ် အင်မတန်များပါတယ်။ ဒါပေမဲဲ့ ကျွန်မတို့ ကလေးတွေအားလုံးက နွားနို့မသောက်ပါဘူး။ နွားနို့နဲ့ မတည့်တဲ့ ကလေးတွေလည်း ရှိပါတယ်။ နွားနို့နဲ့ မတည့်တဲ့ ကလေးတွေလည်း ဘယ်လိုအစားအစာ အစားထိုးပြီးတော့ တိုက်မလဲ ဆိုတာလည်း စဉ်းစားရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကလေးများအား အထူးဂရုစိုက်ရန် လိုအပ်ပြီး နိုင်ငံအတွင်းရှိ ကလေးတိုင်းလိုအပ်သည့် စောင့်ရှောက်မှု အပြည့်အဝရရှိရန် အစိုးရအနေဖြင့် ကြိုးစားနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၎င်းက “ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် ငြိမ်းချမ်းရေး အပြည့်အဝရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး အပြည့်အဝ မရသေးတဲ့နိုင်ငံ မဟုတ်တဲ့ အခါကျတော့ တချို့ကလေးများဟာ ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေ အခုအချိန်အထိ နေနေရတဲ့ ကလေးတွေ ရှိပါတယ်။ အဲဒီစခန်းထဲက ကလေးတွေကို ကျွန်မတို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာမန်မဟုတ်တဲ့ အခြေအနေမှာနေရတဲ့ ကလေးများ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးတတ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ဒါတွေမဆုံးရှုံးအောင်လို့ အထူးသတိထားရမယ့် ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန။ အထူးသဖြင့် တိုက်ရိုက်အလုပ် လုပ်နေရတာတော့ လူကယ်ပြန် ဝန်ကြီးဌာနကနေပြီးတော့ ဘယ်နေရာ၊ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေ ရောက်နေ ကျွန်မတို့နိုင်ငံမှာ ကလေးတိုင်း ကလေးတိုင်းဟာ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု အပြည့်အဝရဖို့ ကျွန်မတို့ အစိုးရက အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ပြည်သူတွေက ၀ိုင်းပြီးတော့ ကူညီဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာပထမနှစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲထားပြီး အဆိုပါ မဟာဗျူဟာအရ ရှေးဦးကလေးသူငယ် စောင့်ရှောက် ကာကွယ်ရေး ဖွံ့ဖြိုးရန် တစ်နိုင်ငံလုံးတွင် မျှမျှတတ ဖြစ်စေလိုကြောင်း၊ ကလေးများ ဖွံ့ ဖြိုးတိုးတက်မှု လုပ်ပေးသည့် နေရာတွင် အားလုံးတန်းတူညီတူ ဖြစ်စေရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
