အိမ်ရာလိုအပ်နေသည့် ပြည်သူများ ကြုံတွေ့နေရသည့် ငွေကြေးအခက်အခဲကို ကူညီနိုင်ရန် အိမ်ရာဝယ်ယူလိုသူများ အတွက် ငွေစုဆောင်းသည့်အလေ့အထ ပြုစု ပျိုးထောင်ပေးရန် ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး CHID ဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ကာ ငွေစုဆောင်းပြီး အိမ်ရာများ ဝယ်ယူနိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ထားသည်။
အိမ်ရာဝယ်ယူလိုသူများက ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ စာရင်း ဖွင့်လှစ်ကာ စုဆောင်းထားရှိမှုမှာ ၂၀၁၈ ခု နှစ် နိုဝင်ဘာလကုန်အထိ ၂၅၀၀၀ ဦး ခန့် ရှိပြီး စုဆောင်းငွေပမာဏ ကျပ်၂၂ ဘီလျံ ခန့်ရှိကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ဥက္ကဋ္ဌဦးမင်းထိန်က ပြောကြားသည်။
“၂၀၁၅ခုနှစ်ကတည်းက Housing Mor-tgage Loan နှစ်ရှည်ချေးငွေစနစ်ကို ပံ့ပိုးကူညီပေးလျက်ရှိတာ ဒီနေ့အထိ ပြည်သူ ၃၀၀၀ နီးပါးကို အိမ်ရာချေးငွေ ကျပ် ဘီလျံ ၄၀ ခန့် ထုတ်ချေးပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ငွေစုဆောင်းတဲ့ အလေ့အထတွေ နည်းပါးတဲ့အတွက်ကြောင့် အိမ်ရာချေး ငွေယူတဲ့အခါမှာ ကနဦးပေးသွင်းငွေ Down Paymnet ကို စုဆောင်းထားပြီး ဖြစ်စေဖို့နဲ့ ဘဏ်နဲ့ငွေချေးယူသူကြားမှာ ယုံကြည်နိုင်မှု တည်ဆောက် နိုင်ဖို့ ရည်ရွယ်ပြီးတော့မှ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ကတည်းက Housing Saving Account အိမ်ရာစုဆောင်းငွေစာရင်းကို စတင်ပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ယနေ့အထိ၂၀၁၈ခုနှစ် နိုဝင်ဘာလကုန်အထိ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ ၂၅၀၀၀ ဦး ခန့်ရှိပါတယ်။ စုဆောင်းငွေ ပမာဏက ငွေကျပ် ၂၂ဘီလျံ လောက်အထိ စုဆောင်းလာတာတွေ့ရပါတယ်” ဟု ဥက္ကဋ္ဌဦးမင်းထိန်က ဆိုသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးကို ဆောင်ရွက်နိုင်မည့် ထိရောက်သည့် ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုစနစ်တစ်ခု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၃ခုနှစ် မေတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးနှစ်သက်တမ်းကာလအတွင်း ဘဏ်ခွဲ ၁၁ ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး နှင့်ပြည်နယ် အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက တည်ဆောက်သွားမည့် ဆောက် လုပ်ရေးလုပ်ငန်းရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံးဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်သွားရန် ရည်ရွယ်ထားကြောင်းနှင့် လက်ရှိတည်ဆောက်နေသည့် Core Banking System ပြီးလျှင် ဘဏ်ခွဲများအပေါ် အခြေခံ သည့် လုပ်ငန်းထက် Digital Banking ကို ကူးပြောင်းဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
