ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသန ဦးစီးဌာန(ပြင်ဦးလွင်)အား သုတေသန လေ့ကျင့်ရေးဗဟိုဌာန Research Training Centre အဖြစ် လုပ်ဆောင်မည်ဖြစ်ပြီး သုတေသနကျင့်ဝတ်၊ သုတေသနနည်းစနစ်နှင့် အခြားသုတေသနပညာရပ်ဆိုင်ရာ သင်တန်းအမျိုးမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဆေးပညာရပ် နယ်ပယ်အသီးသီး၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ကျပ်သန်း ၁၅၀၀ ခွဲဝေချထားပြီးဖြစ်ကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သုတေသန ရန်ပုံငွေအဖြစ် ကျပ်သန်း ၁၀၀၀ ခွဲဝေချထားနိုင်ခဲ့ပြီး ပြီးခဲ့သည့်၂၀၁၈ခုနှစ်(ဧပြီမ ှစက်တင်ဘာ အထိ) ကို ဘဏ္ဍာငွေကျပ်သန်း ၅၀၀ ခွဲဝေချထားခဲ့ကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အချိန်တိုအတွင်း လက်တွေ့အကျိုး ရလဒ် ရရှိရန်ခက်ခဲသော Basic Research များ ပြုလုပ်ခြင်းထက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ တိုင်းရင်းဆေး၊ အားကစားစသည်ဖြင့် လုပ်ငန်းများတွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည့် သုတေသနများကို ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က သုတေသနထောက်ပံ့ကြေးတွေနဲ့ပတ်သက်ပြီး ကျပ်ငွေတစ်ဘီလျံ (ကျပ်သန်းတစ်ထောင်) ပေးခဲ့တယ်။ အဓိက,ကတော ့ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွေဖြစ်တဲ့ ဆေးတက္က သိုလ်တွေနဲ့ ဆေးဘက်ဆိုင်ရာနှီးနွှယ်တက္က သိုလ်စုစုပေါင်း ၁၆ ခုရှိပါတယ်။ အဲဒီ ၁၆ ခု မှာ သုတေသနဆောင်ရွက်နေကြတဲ့ပညာရှင်တွေ၊ သူတို့ရဲ့သုတေသန စာတမ်းတွေအတွက် ဒါကို ဦးတည်ပြီးတော့ပေးတဲ့အတွက် ဒီရန်ပုံငွေကို တက္ကသိုလ ်၁၆ ခုက သုတေသီတွေကို ခွဲဝေထောက်ပံ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဒီနှစ်မှာလည်း သုတေသနလုပ်ငန်းတွေအတွက် ရန်ပုံငွေကျပ်သန်း ၁၅၀၀ အထိ တိုးပေး ထားပြီးလက်တွေ့ ပြန်လည်အသုံးချလို့ရနိုင်မည့် သုတေသနတွေကို ပိုမိုပြုလုပ်နိုင်ဖို့ရည်ရွယ်ပါတယ်” ဟု ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်နှင့် လျော်ညီသော အသုံးဝင်ထိရောက်သော၊ အရည်အသွေးပြည့်မီသော သုတေသနလုပ်ငန်းများကို ရွေးချယ် ထောက်ပံ့နိုင်ရန်အတွက် သုတေသန အဆို ပြုလွှာများကို ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ရွေးချယ်ထောက်ပံ့နိုင်မည့်အဖွဲ့အား ၂၀၁၇ ခုနှစ် ဇွန်၂၃ ရက် ရက်စွဲပါ စာအမှတ် (၃၃/ ၂၀၁၇) ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
