ကျိုးကျခဲ့သည့် မြစ်ကြီးနား-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းပေါ်ရှိ ခုနှစ်ရောင်စုံ တံတားနံဘေးရှိ ယာယီဘေလီတံတားမှာ သွားလာခွင့်ပြုပြီး တစ်ရက်အကြာတွင် တောင်ကျရေကြောင့် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက တံတားချဉ်းကပ်လမ်းများ ပြိုကျပြီး သွားလာမှု ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
ယာယီဘေလီတံတားကို ဒီဇင်ဘာ ၁၈ ရက်မှစ၍ ၁၃ တန်အောက် ကားငယ်များကို ဖြတ်သန်းခွင့် ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ချဉ်းကပ်လမ်းများကို ပြုပြင်နေကြောင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က ပြောကြားသည်။
၎င်းက “တံတားက ရေထဲမပါသွားပါဘူး။ ချဉ်းကပ်လမ်း နှစ်ဖက်စလုံး တောင်ကျရေနဲ့ ပဲ့ကျသွားတာပါ။ ပြင်နေပါပြီ။ မနက်ဖြန် ပြန်ဖွင့်နိုင်မှာပါ” ဟုဆိုသည်။
ယင်းလမ်းပိုင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အရေးကြီးသည့်အတွက် တံတားဟောင်းမှ သံပေါင်အဟောင်းများဖြင့် ကုန်တွဲကားကြီးများ သွားလာနိုင်သည့် ယာယီဘေလီတံတားအကြီးကို တစ်ပတ်အတွင်း သွားလာနိုင်အောင် ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဆိုသည်။
“ယာယီဘေလီအကြီးကို တစ်ပတ်အတွင်း ဆောက်မယ်လို့ တရုတ်ကုမ္ပဏီက ပြောထားတယ်။ တံတားပေါ်က သတ္တုကားကိုတော့ ဆွဲထုတ်လိုက်ပြီ။ တံတားအကြီးကတော့ ဒီထက်ခိုင်အောင် ဒီဇိုင်းပြောင်းပြီး ဆောက်မယ်လို့ တရုတ်ကုမ္ပဏီဘက်က တင်ပြထားတယ်” ဟု ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဆိုသည်။
ယင်းလမ်းပိုင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး လမ်းပိုင်းဖြစ်ပြီး လမ်းနှင့်တံတား ပြင်ထိန်းလုပ်ငန်းများကို တရုတ်နိုင်ငံ ထိန်မိန်ကုမ္ပဏီက ၂၀၂၆ ခုနှစ်အထိ တာဝန်ယူထားကြောင်း သိရသည်။
မြစ်ကြီးနား-၀ိုင်းမော်-ကန်ပိုင်တည် တရုတ် မြန်မာ နှစ်နိုင်ငံ လမ်းမကြီးပေါ်ရှိ ဆဒုံးရေတံခွန်အနီးမှ ခုနှစ်ရောင်စုံ တံတားမှာ သခင်စစ်ကုမ္ပဏီ၏ တန်ပိုတင်သည့် သတ္တုတင်ကားကြောင့် ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီခန့်က တံတားအလယ်မှ ထက်ပိုင်းကျိုးကျခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
