ပြည်ပမှ တင်သွင်းရမှုတွေအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ကိုက်ညီသော ပစ္စည်းကိရိယာများ ဖန်တီးရန်အတွက် တိုင်းပြည်၏ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သော ဥပဒေမူကြမ်းတစ်ရပ်ကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အောက်တိုဘာ ၈ ရက်တွင် ဥပဒေအဖြစ် အတည်ပြုလက်မှတ်ထိုးလိုက်သည်။
ယင်းသည် ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့် မငြိမ်သက်မှုများတွင် ပါဝင်ပတ်သက်နေရသည့် နိုင်ငံတစ်နိုင်ငံအတွက် ယုတ္တိတန်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် ဥပဒေ၏ အဓိကအချက်မှာ ခိုင်မာပြီး ရေရှည်တည်တံ့သော နိုင်ငံတော်ကာကွယ်ရေး စက်မှုလုပ်ငန်းကို ပြုစုပျိုးထောင်ခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် မားကို့စ်က ပြောဆိုခဲ့သည်။
နိုင်ငံ၏ ကာကွယ်ရေးနည်းပညာနှင့် ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန်နှင့် ကိုယ်အားကိုယ်ကိုး ကာကွယ်ရေးဥပဒေသစ်သည် အခွန်ဖြတ်တောက်ခြင်း၊ အစိုးရကျောထောက်နောက်ခံပြု ငွေကြေးထောက်ပံ့ခြင်းစသည့် ဘဏ္ဍာရေးမက်လုံးများကို ပေးဆောင်မည်ဖြစ်သည်ဟု မားကို့စ်ကပြောဆိုသည်။
ဥပဒေသစ်အရ လက်နက်ငယ်များ၊ နည်းဗျူဟာမြောက်ယာဉ်များမှသည် ပိုမိုခေတ်မီဆန်းပြားသော စနစ်များအထိ ပါဝင်သော နိုင်ငံ၏ အရေးပါသည့် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သည်ဟုလည်း မားကို့စ်က ပြောဆိုခဲ့သည်။
ယင်းဥပဒေသည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်ကာ စစ်တပ်ခေတ်မီစေရေး အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ဖြည့်ဆည်းပေးမည်ဟု မျှော်လင့်ရသည်။
ဖိလစ်ပိုင်နိုင်ငံသည် လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်သည့် အသေးစား ကာကွယ်ရေးစက်မှုလုပ်ငန်းမျိုး ရှိသော်လည်း ဂျက်တိုက်လေယာဉ်များကဲ့သို့ ခေတ်မီစစ်သုံးစနစ်များ ထုတ်လုပ်နိုင်သည့် အကြီးစားစက်မှုလုပ်ငန်းမျိုး မရှိသေးပေ။
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ၎င်း၏ စစ်တပ်ခေတ်မီရေး ဒေါ်လာဘီလျံများစွာ ကုန်ကျမည့် အစီအစဉ်၏ နောက်ဆုံးအဆင့်ကို ဖိလစ်ပိုင်က စတင်နေပြီဖြစ်သည်။
Ref: အာရပ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
