ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သောလုံခြုံရေးသည်သာ ပိုမိုခိုင်မာအားကောင်းမည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တိုင်းအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများကအသိရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်ဟု ပြောသည်။
” ပြည်သူတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေလျော့နည်းသွားမှာပါ။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေကို တားဆီးနိုင်မယ် လျော့ကျစေနိုင်မှာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များဖွဲ့စည်းထားပြီး ၎င်းအဖွဲ့ဝင်များ သည် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရမည်ဖြစ်ပြီး အကြမ်းဖက်သမားများ မိမိတို့ရပ်ကွက်/ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိ စေရေး၊ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရမည်ဟု မှာကြားသည်။
မိမိတို့အနေဖြင့် အန္နိမရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများပြန်လည်အပ်နှင်းသွားမည်ဖြစ်၍ ယင်း ရည်မှန်းချက်အောင်မြင်စေရန် တစ်စိုက်မတ်မတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံရေးတွင် ရိုးသားမှုမရှိပါက ရိုးသားမှုမရှိခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစားရမည်ကို မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များအပြင် နိုင်ငံတကာဖြစ်စဉ်များတွင်လည်း မြင်တွေ့ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
