မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၏ တံတားတည်ဆောက်မှုလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အပိုင်းလိုက်ပြီးစီးစေရေးအတွက် စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တံတားတည်ဆောက်နေမှုကို ယနေ့ အောက်တိုဘာ ၈ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့သည်။
လွန်ခဲ့သော ၁၀နှစ်ကျော်က စီမံကိန်းချခဲ့ပြီး တည်ဆောက်ရေး ၈နှစ်ကျော်လာသော အဆိုပါ တံတား၏ တံတားတွဲဆက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်ရန်၊ သင်္ဘောများ၏ ရေလမ်းကင်းလွတ်စေရန်၊ ရေလယ်တာဝါတိုင်များအန္တရာယ် ကင်းရှင်းရန်တို့အတွက် ကြိုတင်စဉ်းစားဆောင်ရွက်ရန်တို့ကိုပါမှာကြားခဲ့သည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းအား ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအားစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကိုစတင်ဆောင်ရွက်ခဲ့ပြီး တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား(Cable – Stayed Bridge)အမျိုးအစားဖြစ်ကာ တံတား တည်ဆောက်ပြီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှတဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်။
ထို့အတူ လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည် အတိုင်းအတာတစ်ခုအထိလျော့ပါးသက်သာသွားမည်ဖြစ်ကာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံ၌ဖွံ့ဖြိုးတိုးတက်ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။
ထိုတံတား လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အင်ဂျင်နီယာများအား နစက ဥက္ကဋ္ဌက ဂုဏ်ပြုသစ်သီးခြင်းများကိုပေးအပ်ချီးမြှင့်ခဲ့သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
