၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့က အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း ဖမ်းဆီးခံခဲ့ရသော ထိုင်းဓ-ါးစာခံများ၏ အခြေအနေကို မသိရဘဲဖြစ်နေခဲ့သည်။ အစ္စရေးအစိုးရကမူ ကျန်ရှိနေသော ထိုင်းဓ-ါးစာခံ ၆ ဦးကို ကယ်ဆယ်နိုင်ရေးအတွက် တတ်နိုင်သည်အားလုံးလုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။
ဂါဇာတွင် ဖမ်းဆီးခံထားရသည်ဟု ယုံကြည်ရသည့် လက်ကျန်ထိုင်းဓ-ါးစာခံများနှင့် ပတ်သက်၍ မည်သည့်သတင်းမှ ရရှိထားခြင်းမရှိသေးဟု ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ် အိုမာ ဆာဂစ်ဗ်က ပြောဆိုသည်။
“ဟားမတ်စ်တွေက ဘယ်သူနဲ့မှ ပူးပေါင်းဆောင်ရွက်တာမလုပ်ဘူး” ဟု တနင်္လာနေ့က ဘန်ကောက်တွင် သံရုံးနှင့် ထိုင်းနိုင်ငံ ဂျူးအသင်းတို့ ပြုလုပ်သည့် အောက်မေ့ဖွယ်အခမ်းအနားတွင် သူက ပြောဆိုသည်။
ဟားမတ်စ်အဖွဲ့သည် ဓ-ါးစာခံများထံသို့ ကြက်ခြေနီ သို့မဟုတ် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းကိုမျှ လာရောက်ခွင်မပြုသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကံမကောင်းအကြောင်းမလှစွာပဲ မိမိတို့ဘာမှ မသိရကြောင်းနှင့် ဓ-ါးစာခံများ ဘယ်မှာရှိသည်၊ အခြေအနေမည်သို့ရှိသည်ဆိုသည်နှင့်ပတ်သက်၍ မည်သည့်သတင်းမှထပ်မရပါကြောင်း သူက ပြောဆိုခဲ့သည်။
သို့ရာတွင် ထိုင်းဓ-ါးစာခံများအပါအဝင် ဓ-ါးစာခံများ ပြန်ခေါ်ဆောင်နိုင်ရေးအတွက် အစ္စရေးက အရာအားလုံး လုပ်ဆောင်သွားမည်ဟု ကတိပေးလိုကြောင်းနှင့် ဒီလူတွေ ပြန်ခေါ်ဆောင်နိုင်ဖို့ရာ ကမ္ဘာတစ်ဝန်းက အစိုးအသီးသီးအနေဖြင့် မိမိတို့ကို ကူညီကြရန် တောင်းဆိုလိုပါကြောင်းလည်း သူက ပြောဆိုခဲ့သည်။
ဟားမတ်စ်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသားအရေအတွက်သည် မူလက ၃၁ ဦးဖြစ်ပြီး အောက်တိုဘာလအနှောင်းပိုင်းတွင် ၂၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ မေလအတွင်းက ဓ-ါးစာခံ နှစ်ဦး ေ-သဆုံးခဲ့သည်ဟု အတည်ပြုထားပြီး ကျန်ရှိသော ဓ-ါးစာခံ ခြောက်ဦး၏ အခြေအနေကို မသိရဘဲဖြစ်နေခဲ့ခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
