မန်ယူအသင်းသည် လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ် ကို ရာထူးမှထုတ်ပယ်ခဲ့ပါက အစားထိုးခန့်အပ်ရန် ထိပ်တန်းနည်းပြများစွာကို ပစ်မှတ်ထားနေပြီး အလားအလာအကောင်းဆုံးဖြစ်နေသူမှာ ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်ဖြစ်ကြောင်း သတင်းထွက်နေသည်။
မန်ယူအသင်းသည် လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ် ကို ပြီးခဲ့သည့်နွေရာသီတွင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ယခုရာသီ၌ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့် အတွက် ရာထူးမှ ထုတ်ပယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့သည့် သတင်းများအရ မန်ယူအသင်းသည် ပေါ်တို၊ အက်စတွန်ဗီလာတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲများအပေါ် မူတည်၍ တန်ဟက်ဂ်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးဖွယ်ရှိကြောင်း သိရသော်လည်း အဆိုပါနှစ်ပွဲစလုံးမှာ သရေရလဒ်များနှင့် အဆုံးသတ်ခဲ့သည်။
လက်ရှိအချိန်၌ မန်ယူအသင်းနှင့် တန်ဟက်ဂ်၏ အနာဂတ်မှာ မရေမရာဖြစ်နေဆဲဖြစ်သော်လည်း မန်ယူအသင်းတာ ဝန်ရှိသူများအနေဖြင့် ၎င်းနေရာ အစားထိုးရန် ထိပ်တန်းနည်းပြများစွာကို ပစ်မှတ်ထားနေပြီဖြစ်ရာ လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆိုပင် ပါဝင်နေကြောင်းလည်း ဗြိတိန်မီဒီယာ အချို့က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် အင်တာမီလန် နည်းပြ ဆီမြွန်နီအင်ဇာဂီကိုလည်း ချဉ်းကပ်ခဲ့ပြီး လက်ရှိအချိန်၌ အခြားကလပ်အသင်းများအား ကိုင်တွယ်နေသည့် နည်းပြများကိုမူ လာမည့်ရာသီမှ ခန့်အပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်မှာ လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ၎င်းသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။
သောမတ်စ်တူဟယ်လ်သည် မန်ယူနည်းပြ ဖြစ်လာရန် ရေပန်းစားမှုတွင် လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းနှင့် အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်တို့ ၏ နောက်တွင်သာရှိနေသော်လည်း မန်ယူအသင်းနှင့် နီးစပ်သူများကမူ အလားအလာအကောင်းဆုံးဖြစ်သည်ဟု ခန့်မှန်းနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
