မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ၂၀၂၄-၂၀၂၅ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အပြီးတွင် မလေးရှားကလပ် ဆာဘားအသင်းနှင့်လမ်းခွဲ၍ အိန္ဒိယကလပ် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် မလေးရှားကလပ် ဆာဘားအသင်းသို့ ကာလတိုဖြင့် ပြောင်းရွှေ့ခဲ့ပြီး သြဂုတ်လကကျင်းပသည့် အာရှအမျိုး သမီးချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် အောက်တိုဘာလဆန်းပိုင်းတွင် ကျင်းပလျက်ရှိသည့် အုပ်စုအဆင့်ပွဲစဉ်များအတွက် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ဆာဘားအသင်းသည် အုပ်စုနှစ်ပွဲကစားအပြီးတွင် နှစ်ပွဲစလုံး အရေးနိမ့်ထားသဖြင့် တစ်ပွဲကစားရန် ကျန်သေးသော်လည်း နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ကုန်ဆုံးသွားပြီ ဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ်ကတည်းက ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသူဖြစ်ပြီး အိန္ဒိယအမျိုးသမီး ဘောလုံးလောကသို့ ပြန်လည်ခြေချမည်ဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် ပြည်ပကလပ်အသင်း ငါးသင်း၌ ပါဝင်ကစားခဲ့ပြီး အိန္ဒိယကလပ်များဖြစ်သည့် ဂိုကူလမ်အသင်း၊ Lord FA အသင်း၊ အိုဒီရှာအသင်း၊ ထိုင်းကလပ် College of Asian Scholars အသင်းနှင့် မလေးရှားကလပ် ဆာဘားအသင်းတို့တွင် ကစားခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယဘောလုံးလောကသို့ ပြန်လည်ခြေချမည်ဖြစ်သော်လည်း အသင်းသစ်သို့ ပြောင်းရွှေ့ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
