ရာသီကြိုခြေစမ်းပွဲတွင် ဝုလ်ဗ်အသင်း၏ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီးချန်ကို လူမျိုးရေးခွဲခြားမှုကြောင့် ကိုမို အသင်းနောက်ခံလူ မာကိုကူတိုအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ရာသီကြိုခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၅ ရက်က စပိန်နိုင်ငံ၊ မာဘယ်လာမြို့၌ ဝုလ်ဗ် အသင်းနှင့် ကိုမိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ ဒုတိယပိုင်းတွင် ကူတိုက ဟွမ်ဟီးချန် ကို လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝုလ်ဗ်အသင်းက ယင်းဖြစ်ရပ်ကို အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ထံ တိုင်ကြားသော်လည်း UEFA အသိအမှတ်ပြုပွဲစဉ်မဟုတ် သောကြောင့် အရေးယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) က ၎င်းတို့၏ကစားသမားကို ကာကွယ်ပေးရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
FIFA က ကူတိုကို ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ငါးပွဲကို ဆိုင်းငံ့အဖြစ် သတ်မှတ်ထားကာ နှစ်နှစ်အတွင်း အလားတူလုပ်ရပ် ထပ်မံကျူးလွန်ပါက ကျခံရမည်ဖြစ်သည်။ ထို့ပြင် ၎င်းအနေဖြင့် အများပြည်သူဝန် ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်သလို FIFA အသိအမှတ်ပြုအဖွဲ့အစည်းတစ်ခုတွင် လေ့ကျင့်ရေးနှင့် သင်ကြားရေးသင်တန်း တက်ရောက်ရမည်ဖြစ်သည်။
ကူတိုသည် ယင်းပွဲတွင် ပါဝင်ကစားပြီး နောက်တစ်ပတ်အကြာမှာပင် ကိုမိုအသင်းမှ စီးရီးဘီကလပ် စီဆီနာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ကစားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
