၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လီဗာပူးလ်အသင်း ဗိုလ်စွဲပြီး အာဆင်နယ်အသင်းမှာ အဆင့် ၈ နှင့် မန်ယူ အသင်းမှာ အဆင့် ၁၀ နေရာသာ ရပ်တည်နိုင်မည်ဟု Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။
Opta မှာ ဘောလုံးနှင့်သက်ဆိုင်သည့် အချက်အလက်နှင့် မှတ်တမ်းများ ထုတ်ပြန်ပေးနေသည့်ကုမ္ပဏီဖြစ်ပြီး ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရာသီကုန် ဖြစ်နိုင်ဖွယ်အမှတ်ပေးဇယားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Opta ၏ စူပါကွန်ပျူတာအနေဖြင့် အသင်းတစ်သင်းချင်းစီ၏ ပွဲစဉ်တစ်ပွဲတွင်ရရှိသော xG (ဂိုး ကန်သွင်းမှုမှ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြေရှိမှု) အရေအတွက်အပေါ်မူတည်၍ ရရှိသည့် သွင်းဂိုးအရေအတွက်ကို တွက်ချက်ထားပြီး အဆိုပါသွင်းဂိုးများအပေါ်မူတည်၍ နိုင်၊ သရေ၊ ရှုံး ဖြစ်နိုင်ခြေရလဒ်ကို ခန့်မှန်းတွက် ချက်ထားခြင်းဖြစ်သည်။
ပွဲစဉ်တစ်ပွဲအတွက် အကြိမ် ၁၀၀၀၀ စီ တွက်ချက်ပြီးနောက် နိုင်၊ သရေ၊ ရှုံး ဖြစ်နိုင်ခြေရလဒ်နှင့် ရမှတ်ကို တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတွက်ချက်မှုအရ ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းက ချန်ပီယံဆုဆွတ်ခူးနိုင်မည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက အဆင့် ၂၊ မန်စီးတီးအသင်းက အဆင့် ၃၊ စပါးအသင်း က အဆင့် ၄၊ ဗီလာအသင်းက အဆင့် ၅၊ ဖူလ်ဟမ်အသင်းက အဆင့် ၆၊ ဘုန်းမောက် အသင်းက အဆင့် ၇၊ အာဆင်နယ်အသင်း က အဆင့် ၈၊ ဘရိုက်တန်အသင်းက အဆင့် ၉ နှင့် မန်ယူအသင်းက အဆင့် ၁၀ နေရာ ရပ်တည်နိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် ဝုလ်ဗ်၊ လက်စတာနှင့် အစ်ဝစ်ချ် အသင်းတို့မှာ အဆင့် ၁၈၊ ၁၉၊ ၂၀ နေရာဖြင့် တန်းဆင်းရမည်ဖြစ်ကြောင်း ခန့်မှန်းတွက် ချက်ထားသည်။
ပွဲစဉ် (၇) အပြီး ရပ်တည်မှုအရ လီဗာပူးလ်အသင်းက ၁၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှုံးပွဲမရှိသေးသည့် မန်စီးတီးနှင့် အာဆင်နယ်အသင်းက ၁၇ မှတ်စီဖြင့် အဆင့် ၂ နှင့် ၃၊ ချယ်လ်ဆီးနှင့် ဗီလာအသင်းက ၁၄ မှတ်စီဖြင့် အဆင့် ၄ နှင့် ၅ နေရာ ရပ်တည်နေသည်။
Big Six စာရင်းဝင် ထိပ်သီးအသင်းများအနက် စပါးအသင်းက ၁၀ မှတ်ဖြင့် အဆင့် ၉၊ မန်ယူအသင်းက ရှစ်မှတ်ဖြင့် အဆင့် ၁၄ နေရာ ရပ်တည်လျက်ရှိရာ စူပါကွန်ပျူတာ၏ ခန့်မှန်းတွက်ချက်မှုနှင့် ကွာခြားမှုများစွာရှိနေသည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
