ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြဖြစ်သူ တယ်ဒက်စ်ကိုက လက်ရွေးစင်အသင်းအတွက် (၂)လကြာ ရွေးချယ်ခြင်းမပြုရန် ဒီဘရိုင်းနားက တောင်းဆိုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် လက်ရှိအချိန်တွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ဒဏ်ရာပြဿနာရှိနေသည့်အတွက် ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဒီဘရိုင်းနားသည် အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ပေါင်ခြံဒဏ်ရာအနည်းငယ် ရရှိခဲ့သည့်အတွက် အနားယူနေရသည်။
''သူနဲ့ ကျွန်တော် ဖုန်းအကြာကြီးပြောဖြစ်ပါတယ်။ သူ့မှာ ဒဏ်ရာရှိနေပေမဲ့ အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒီအတွက် သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ လူစာရင်းကနေ ချန်လှပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် အခုရော နိုဝင်ဘာမှာရော အသင်းနဲ့အတူ သူ ရှိနေမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာတော့ သူ ရှိနေမှာပါ''ဟု တယ်ဒက်စ်ကိုက အောက်တိုဘာလအတွက် လူစာရင်းထုတ်ပြန်ရာတွင် ရှင်းလင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
