ချယ်လ်ဆီးနည်းပြ မာရက်စကာက ၎င်းတို့အနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးဟု နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲမတိုင်မီ ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် နိုင်ပွဲများဆက်ကာ အမှတ်ပေးဇယားထိပ်ပိုင်းသို့ တက်လှမ်းလာခဲ့သည့်အတွက် ချန်ပီယံပြေးလမ်းပေါ်ရောက်လာကြောင်း သုံးသပ်ခဲ့ကြသော်လည်း မာရက်စကာက မန်စီးတီးနှင့် အာဆင်နယ်တို့ကို ပြိုင်ဆိုင်နိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ မန်စီးတီးနဲ့ အာဆင်နယ်ကို ပြိုင်ဆိုင်နိုင်မယ်လို့ တကယ့်ကို မထင်ပါဘူး။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူတို့က လက်ရှိနည်းပြတွေနဲ့ အချိန်ကြာမြင့်စွာ လက်တွဲခဲ့တာပါ။ အချိန်လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် သရေကျခဲ့သဖြင့် ပြိုင်ပွဲစုံ(၅)ပွဲဆက်နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
