ရီးယဲလ်မက်ဒရစ်အသင်းသည် ဒူးအရွတ်(ACL) ထိခိုက်မိသဖြင့် ကာလရှည် အနားယူရမည့် ညာနောက်ခံလူ ဒန်နီကာဗာဟယ်လ်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရီးယဲလ်အသင်း၏ ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ကာဗာဟယ်လ် (၃၂ နှစ်) သည် အောက်တိုဘာ ၅ ရက်က ဗီလာရီးယဲလ်အသင်းနှင့်ပွဲ၌ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။
၎င်း၏ဒဏ်ရာကို စစ်ဆေးရာ ACL ထိခိုက်မိခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှုလုပ်ရမည်ဖြစ်ကြောင်း ရီးယဲလ်အသင်းက ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာမှာပင် ကာဗာဟယ်လ်ကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
၎င်း၏မူလစာချုပ်မှာ လာမည့် ၂၀၂၅ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် တစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာမရမီကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာဗာဟယ်လ်သည် ရီးယဲလ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၁၃- ၂၀၁၄ မှ ယခုရာသီအထိ ၁၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၂၇ ပွဲကစား၊ ၁၄ ဂိုးသွင်းယူပေးထားသည်။
၎င်းသည် ရီးယဲလ်အသင်းနှင့် ဆုဖလား ၂၆ လုံးရရှိထားပြီး ပါကိုဂျန်တို၊ လူကာမိုဒရစ်၊ တိုနီကရို့စ်၊ နာချိုတို့နှင့်အတူ အသင်းသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
