စက်တင်ဘာလအတွင်းက ရွာသွန်းခဲ့သည့် မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုမရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မြန်မာတနိုင်ငံလုံးရှိ စခန်း ၃၃ စခန်းမှ စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သည့် မိုးရေနမူနာများကို စုဆောင်းရယူခဲ့ကြောင်း၊ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် စခန်း ၃၃ စခန်းတို့မှ ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 – 8.5 အတွင်းတွင်ရှိသည်ကို တိုင်းတာရရှိခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။
မိုးရေ၏ pH တန်ဖိုးသည် ၅ ဒသမ ၆ အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် စခန်း ၃၃ ခုမှ တိုင်းတာရရှိခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရသည်ဟု မိုးဇလက ဆိုသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အက်စစ် အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းခြင်း ဖြစ်စဉ်များသည် မြေဆီလွှာ၊ အင်းအိုင်နှင့် ရေပြင်များပေါ်သို့ ကျရောက်သည့်အခါ ဓာတ်ပြုမှုများဖြစ်ပေါ်ပြီး အက်စစ်ဖြစ်ထွန်းသဖြင့် သစ်ပင်နှင့် ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေကြောင်း၊ မြစ်ချောင်း၊ အင်းအိုင်များတွင် အက်စစ်ဖြစ်ထွန်းမှု များပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပြီး ငါးတို့သည် ငါးသားဥ၊ သားဖောက်ခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း၊ သစ်ပင် သစ်တောများတွင် အက်စစ်ဓာတ် ဖြစ်ထွန်းသော မြူမှုန်၊ ဒြပ်မှုန်များ ကျရောက်ပါက ဧရိယာကျယ်ပြန့်စွာ တဖြည်းဖြည်းခြောက်သွေ့ သေဆုံးစေနိုင်ကြောင်း၊ မြေဆီလွှာတွင်ရှိသော မြေသြဇာများကို အက်ဆစ်များမှ ချေဖျက်သဖြင့် သစ်ပင်များ အဟာရခေါင်းပါးမှုကို ကြုံတွေ့နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
