မန္တလေးမြို့ရှိ စည်ပင်ပိုင်စျေးများတွင် ဆိုးဆေးပါဝင်သည့် အစားအစာများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့်ဓာတုဆိုးဆေးကင်းစင်စေရန် ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စင်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ သိရသည်။
မန္တလေးမြို့တွင် ယခုလက်ရှိ အစားအသောက်နှင့် ဆေးဝါးများကို ဖြန့်ဖြူးရောင်းချပေးနေသည့်ဈေးပေါင်း (၄၀) ကျော်ရှိပြီး ယင်းတွင် နန်းရှေ့ဈေး၊ ညောင်ပင်ဈေး၊ ယာယီမင်္ဂလာဈေးနှင့် တံခွန်တိုင်ဈေးတို့တွင် မျှစ်၊ ငါးပိ၊ ငါး ခြောက်၊ ငရုပ်စသည့် အစားအသောက်များကို ယခုလအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ဆေးစဉ် ခွင့်မပြုဓာတုဆေးများ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းကို သိမ်းဆည်းပြီး ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ထို့ပြင်ဈေးချိုတော်ကိုလည်း ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သည့် ဈေးဖြစ်ပေါ်လာစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် မန္တ လေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ စီမံချက်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၅) ရက်တွင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သည့် ဈေးအဖြစ်ကြေညာနိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
