Top News

ခီယာပြသခဲ့တဲ့ ခေါင်းဆောင်အရည်အသွေး၊ ခေါင်းဆောင်စိတ်ထား
24htopnews | October 9, 2024 5:12 PM CST

ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်လို တွေးရတယ်။ ခေါင်းဆောင်လို လုပ်ရတယ်ဆို တဲ့ စကားလုံးမျိုးတွေကို ကျွန်တော်တို့ ငယ်ငယ် ကတည်းက ကြားဖူးတယ်။ ပြီးတော့ လွယ်လွယ် ကူကူပဲ မေ့ပစ်လိုက်ကြတယ်။ ခေါင်းဆောင်လို တွေးရတယ်၊ ခေါင်းဆောင်လိုလုပ်ရတယ်ဆို တာ ဘာလဲ နားမလည်ဘူး။ ဒီတော့ ကျွန်တော် တို့က ခေါင်းဆောင်အယောင်ဆောင်ရတယ်။ ခေါင်းဆောင်အယောင်ဆောင်ဖို့အတွက်ဆိုရင် ဦးနှောက်လည်း မလိုဘူး။ ကာယလည်း မလို ဘူး။ ပါးစပ်ပဲလိုတယ်ဆိုတာကို ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ အလွယ်လမ်းကိုလိုက် တယ်။ ဒီလောက်နဲ့ ခေါင်းဆောင်လုပ်လို့ရတဲ့ နေ ရာမှာ ဒီလောက်နဲ့ပဲ ခေါင်းဆောင်လုပ်ကြတယ်။ ဒီလောက်နဲ့ ခေါင်းဆောင်လုပ်လို့မရတဲ့ နေရာ တွေဆိုရင် ကျွန်တော်တို့ မပျော်ရွှင်ဘူး။ မနေ ချင်ဘူး။ ကျွန်တော့်လိုပဲ အားလုံးက ဒီလိုမျိုး တွေ များလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ခေါင်းဆောင်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်မှာ ရှင် သန်ရတဲ့သူတွေဖြစ်လာတယ်။


READ NEXT
Cancel OK