၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F) နောက်ဆုံးနေ့ကို ဇွန် (၁၅) ရက်က ဂျပန်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုအောက်ဆုံးနေရာ၌သာ ရပ်တည်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးပွဲစဉ်များတွင် တာဂျစ်ကစ္စတန်က မြန်မာကို (၄)ဂိုးပြတ်၊ ဂျပန်က ကာဂျစ္စတန်ကို (၅-၁) ဂိုးတို့ဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် ယခုပွဲတွင် အနိမ့်ဆုံးသရေတစ်မှတ်ရယူနိုင်ပါက အုပ်စုအောက်ဆုံးနေရာမှ ရုန်းထွက်နိုင်မည်ဖြစ်သော်လည်း ဂိုးပြတ်ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအောက်ဆုံးနေရာသာရခဲ့သဖြင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက်ဝင်ခွင့်မရတော့ဘဲ Play-off ပွဲစဉ် ထပ်မံကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် ရှုံးပွဲဆက်နေသည့် ပွဲထွက်လူစာရင်းကို ထပ်မံပြောင်းလဲခဲ့ပြီး ဆန်းဆက်နိုင် (ဂိုး)၊ ဒေးဗစ်ဒန်း၊ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆွမ်လမန်၊ ဝင်းနိုင်ထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ နှစ်သင်းစလုံး အမှတ်လိုနေသောကြောင့် တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြန်မာအသင်းမှာလည်း ပြီးခဲ့သည့်ပွဲများထက် ဂိုးသွင်းခွင့်ပိုရခဲ့သော်လည်း အခွင့်အရေးများ အသုံးမချနိုင်၍ ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ အုပ်စုဒုတိယနေရာအတွက် အမှတ်လိုနေသည့် တာဂျစ်ကစ္စတန်အသင်းမှာ ဂိုးသွင်းခွင့်များကို အသုံးချနိုင်သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ တာဂျစ်ကစ္စတန်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အုပ်စု (F) ပွဲစဉ်များအပြီးတွင် ဂျပန်အသင်းက ရှစ်ပွဲစလုံး အနိုင်ရကာ ရမှတ် (၂၄) မှတ်ဖြင့် အုပ်စုပထမနေရာရခဲ့ပြီး တာဂျစ်ကစ္စတန်အသင်းက (၁၃) မှတ်ဖြင့် ဒုတိယ၊ ကာဂျစ္စတန်အသင်းက (၁၀) မှတ်ဖြင့် တတိယ၊ မွန်ဂိုလီးယားအသင်းက (၆)မှတ်ဖြင့် အဆင့် (၄)၊ မြန်မာအသင်းက (၆)မှတ်ဖြင့် အဆင့် (၅) (အုပ်စုအောက်ဆုံး) နေရာတို့တွင် ရပ်တည်ခဲ့သည်။ မြန်မာအသင်းသည် မွန်ဂိုလီးယားနှင့် ရမှတ်တူသော်လည်း ဂိုးကွာခြားချက်ကြောင့် အောက်ဆုံးရောက်သွားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
