ဟန်ဂေရီ - ပေါ်တူဂီ (အင်္ဂါည ၁ဝး၃၀ နာရီ)
ပေါ်တူဂီအတွက်တော့ ပြင်သစ်-ဂျာမနီ ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်အရေး ယူရမှာဖြစ်ပြီး၊ ဒီပွဲကိုသာ အမှားအယွင်း ကျူး လွန်ခဲ့ရင်တော့ ပေးဆပ်မှု ကြီးလိမ့်မယ်။ ဒါပေမဲ့ လက်ရှိ ပေါ်တူဂီရဲ့အနေအထားနဲ့ ဟန်ဂေရီကို သရေကစားမှာမဟုတ်ပါဘူး။ အ စစအရာရာအားသာနေသလို၊ ဖန်တီးမှု စွမ်းရည်မြင့်ပြီး၊ စီရော်နယ်လ်ဒိုဦးဆောင်နေတဲ့ တိုက်စစ်ကို ဟန်ဂေရီ ထိန်းနိုင်မယ်မ ထင်ဘူး။ ပေါ်တူဂီနိုင်ဖို့ သေချာပြီး (၂-၀)လောက်ဖြစ်နိုင်တယ်။
ပြင်သစ် - ဂျာမနီ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)
ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နှစ်သင်းဖြစ်သလို၊ ဒီအုပ်စုမှာ ပေါ်တူဂီနဲ့အတူ နောက်တစ်ဆင့်ကို တက်ဖို့အတွက် ရုန်းကန်ရ မယ့် နှစ်သင်းလည်းဖြစ်တယ်။ ဒီ (၃)သင်းကြား ထိပ်တိုက်တွေ့ဆုံမှုတွေကပဲ ရှုံးထွက်အဆင့်အတွက် အဖြေဖြစ်လာနိုင်တာ ကြောင့် ရှုံးတဲ့အသင်းအတွက် အန္တရာယ်များတယ်။ သမိုင်းတစ်လျှောက် တွေ့ဆုံမှုမှာ ပြင်သစ်က အသာစီးရခဲ့သလို၊ နောက် ပိုင်းနှစ်တွေမှာလည်း ပြင်သစ်က ပိုကောင်းတဲ့အသင်းဖြစ်တယ်။ လက်ရှိ ခြေစွမ်းအရကြည့်ရင်လည်း ပြင်သစ်က ဂျာမနီထက် ပိုကောင်းနေပြီး အတွေ့အကြုံနဲ့ အရည်အသွေး ပေါင်းစပ်ပါဝင်မှုမှာ ဂျာမနီထက် နည်းနည်းလေး သာနေတယ်လို့ ပြောနိုင် တယ်။ ထိပ်တန်းအသင်းတွေဖြစ်လို့ အမှားလုပ်တဲ့အသင်း ပေးဆပ်ရမယ့် အခြေအနေရှိပေမဲ့ ပုံမှန်အတိုင်းဆိုရင်တော့ ပြင်သစ် ရဲ့ အမြန်နှုန်း၊ မာကျောမှုနဲ့ လက်ရှိ Team Work ကို ပိုကြိုက်ပါတယ်။ ဂျာမနီ အလွန်ဆုံးသရေလောက်ပဲ မျှော်လင့်ရမှာဖြစ်ပြီး ပြင်သစ်ပဲ နိုင်ဖို့များတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
