Top News

■ အီတလီနိုင်ငံ၏ ဥပဒေအရ အင်တာမီလန်အတွက် အဲရစ်ဆင် ပြန်ကစားနိုင်ဖွယ်မရှိ
24htopnews | October 9, 2024 5:12 PM CST

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်သည် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေမရှိတော့သော်လည်း အီတလီနိုင်ငံ၏ ဥပဒေအရ အင်တာမီလန်အသင်းတွင် ပြန်ကစား နိုင်ဖွယ်မရှိတော့ကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံမှ နှလုံးအထူး ကုတစ်ဦးဖြစ်သော ဒေါက်တာ စကော့မာရေးက အဲရစ်ဆင်အနေဖြင့် ကစားသမားဘဝ အဆုံးသတ်သွားနိုင်ခြေရှိကြောင်း သုံးသပ်ခဲ့သလို၊ အီတလီနိုင်ငံ၏ ဥပဒေအရ အင်တာမီလန်အသင်းတွင် ဆက်လက်ကစားနိုင်ရန်လည်း တားမြစ်ခံရနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက အီတလီနိုင်ငံသည် အားကစား လောကအတွင်း နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ကျစေရန် အထူးအလေးထားလုပ်ဆောင်နေသည့် နိုင်ငံဖြစ်ပြီး နှလုံးရောဂါလက္ခဏာ တွေ့ရှိသူတိုင်းကို အားကစားပြိုင်ပွဲများ၌ ယှဉ်ပြိုင် ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ဆိုခဲ့သည်။

အင်တာမီလန်အားကစားဒါရိုက်တာ မာရော့တာကမူ အဲရစ်ဆင်၏အနာဂတ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဖွင့်ဟပြောဆိုခြင်းမရှိကြောင်း သိရသည်။

သို့သော် မာရော့တာက အဲရစ်ဆင် လဲကျခြင်းသည် COVID-19 ဗိုင်းရပ်စ်နှင့်ဆက်စပ်နေသည်ဟု သတင်းဖော်ပြမှုများကိုမူ ငြင်းဆန်ခဲ့သည်။

အဲရစ်ဆင်သည် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသေးသည်ဟုလည်း မာရော့တာက ဝန်ခံခဲ့သည်။


READ NEXT
Cancel OK