PSG အသင်း၏ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက PSG အသင်းအနေဖြင့် မိမိနှင့်စာချုပ်သက်တမ်းတိုးလိုပါက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားများ ခေါ်ယူပေးရမည်ဟု တောင်းဆိုခဲ့သည်ဆိုသည့် သတင်းများအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
PSG အသင်းဥက္ကဋ္ဌ နက်ဆာအယ်လ်ခီလိုင်ဖီက မကြာသေးမီတွင် ဘာပေ၏ အနာဂတ်နှင့်ပတ်သက်၍ အာမခံပြောဆိုခဲ့ရာတွင် ဘာပေသည် အသင်း၌ သေချာပေါက်ဆက်ရှိနေမည်ဖြစ်သလို ၎င်း၏ဆန္ဒအတိုင်း ထိပ်တန်းကစားသမားကို ထပ်မံအားဖြည့်သွား မည်ဆိုသည့်သဘောမျိုး ပြောကြားခဲ့သည်။
ထို့ပြင် ဘာပေသည် PSG အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်ကိစ္စမှာ သေချာကြောင်းနှင့် သူသည် PSG တွင် ဆက်ကစားခြင်းမှာ ဘောလုံးကိစ္စသက်သက်ပင်မဟုတ်ဘဲ သူ၏မွေးရပ်မြေ ပါရီနှင့် ပြင်သစ်ဘောလုံးလောက၏ ပုံရိပ်ကို မြှင့်တင်ပေးရန်အတွက်လည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အယ်လ်ခီလိုင်ဖီ၏ အင်တာဗျူးအပြီးတွင် မီဒီယာများက ဘာပေသည် အသက် (၂၂)နှစ်အရွယ်၌ပင် ဘာစီ လိုနာအသင်းအပေါ် မက်ဆီ၏ သြဇာလွှမ်းမိုးမှုမျိုးရှိနေပြီဆိုသည့် သုံးသပ်မှုများကို ပြုလုပ်လာခဲ့ပြီး၊ စာချုပ်ကိစ္စကို အသုံးချကာ အသင်းကပြုလုပ်ရမည့် အရာများအပေါ် လွှမ်းမိုးမှုများရှိလာသည်ဆိုသည့် အမြင်များလည်း ထွက်ပေါ်လာခဲ့သည်။
ယင်းအတွက်ကြောင့် ဘာပေက ပြင်သစ်လက်ရွေးစင်အသင်းအတွက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ရာတွင် PSG အသင်းနှင့် ပတ်သက်သည့် ကောလာဟလများကိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော် ဘယ်တုန်းကမှ အသင်းဥက္ကဋ္ဌဆီကပဲဖြစ်ဖြစ်၊ လီယိုနာဒိုဆီကပဲ ဖြစ်ဖြစ် ဘယ်ကစားသမားတစ်ဦးဦးကို ခေါ်ပေးစေချင်သလဲလို့ မေးမြန်းတာမျိုး မခံရဖူးပါဘူး။ ကျွန်တော်က ဘောလုံးပဲ ကစားချင်တဲ့သူဖြစ်ပြီး ဒီကိစ္စတွေကိုလည်း စိတ်မဝင်စား ပါဘူး''ဟု ဘာပေက ပြောကြားသည်။
ဘာပေ၏အနာဂတ်နှင့်ပတ်သက်၍ PSGအသင်းဥက္ကဋ္ဌဖြစ်သူက အာမခံပြောကြားမှုများ ပြုလုပ်ထားသော်လည်း ၎င်း၏အပြောင်းအရွှေ့သတင်းများမှာ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး ရီးယဲလ်အသင်းနှင့် လီဗာပူးလ်အသင်းတို့က တရားဝင်ကမ်းလှမ်းဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
