ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက လက် ရှိအချိန်တွင် မိမိအတွက် ယူရိုပြိုင်ပွဲသာ အရေးအကြီးဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟန်ဂေရီနှင့် ယှဉ်ပြိုင်ရမည့် ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အပြောင်းအရွှေ့နှင့်ပတ်သက်၍ မေးမြန်းခြင်းကို စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုက ''ထိပ်တန်းအဆင့်မှာ ကျွန်တော် ဘောလုံးကစားလာတာ (၁၈) နှစ်ရှိပါပြီ။ ဒီအကြောင်းအရာက ကျွန်တော့်အတွက် အမှုထားစရာမဟုတ်တော့ပါဘူး။ ကျွန်တော်က (၁၈)နှစ်၊ (၁၉)နှစ်အရွယ်ဆိုရင်တော့ အနာဂတ်အတွက် စဉ်းစားပြီး အိပ် မပျော်တာဖြစ်နိုင်ပါတယ်။ အခု ကျွန်တော် လက်ရွေးစင်အသင်းအကြောင်းပဲ အာရုံစိုက် ထားပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကိုရိုနာဗို်င်းရပ်စ်နှင့်ပတ်သက်သည့် မေးမြန်းမှုကို ''ကျွန်တော်တို့ ဒါကို စိုးရိမ်ပူပန်မနေပါဘူး။ ဒီအကြောင်းကိုလည်း မပြောဖြစ်ကြပါဘူး။ အသင်းက ကစားသမားအများစုအတွက် ပထမဆုံးယူရိုပြိုင်ပွဲဖြစ်နေတာကိုပဲ အဓိကထားပါတယ်။ ကျွန်တော့်အတွက်တော့ (၅)ကြိမ်မြောက်ယူရိုပါ။ ဒါပေမဲ့ ပထမဆုံးယူရိုလို ဖြစ်နေတုန်းပါပဲ''ဟု ပြော ကြားခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲ၌ ၎င်းရှေ့တွင်ချထားသည့် ကိုလာပုလင်းများကိုဖယ်ရှားကာ ရေပုလင်းကို ကိုင်မြှောက်ပြခဲ့သည့် စီရော်နယ်လ်ဒိို၏လုပ်ရပ်မှာလည်း လူပြောများခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
