အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်သည် အင်္ဂလန်နှင့် ခရိုအေးရှားအသင်း တို့ကစားခဲ့သည့် ယူရိုအဖွင့်ပွဲစဉ်တွင် ဘင်ချီဝဲလ်နှင့် ဂျေ ဒန်ဆန်ချိုတို့ကို လူစာရင်းထဲတွင်ပင် မထည့်ခဲ့သည့်ကိစ္စ နှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုများပြုလုပ်ခဲ့သည်။
ဆောက်ဂိတ်၏ ပထမကစားသမားသမားစာရင်းတွင် ဂရီးလစ်ရှ်လည်း ပါဝင်ခဲ့ခြင်းမရှိသလို၊ ညာခြမ်းခံစစ်ကစားသမားဖြစ်သူ ထရစ်ပီယာကိုလည်း ဘယ်တောင်ပံ ခံစစ်ကစားသမားများဖြစ်သည့် ချီဝဲလ်နှင့် လုခ်ရှောတို့ကိုကျော်ကာ နေရာပေးခဲ့သည်။
ဘင်ချီဝဲလ်သည် အင်္ဂလန်အသင်း၏ဘယ်နောက်ခံလူနေရာအတွက် အမာခံအဖြစ်ယူဆထားကြသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းလူစာရင်းတွင်ပင် ပါဝင်လာခဲ့ခြင်းမရှိရာ ပရိသတ်များက ဝေဖန်ခဲ့ကြပြီး ''ဆောက်ဂိတ်ထွက်''ဆိုသည့် တောင်းဆိုမှုများပင် ရှိခဲ့သည်။
ဘင်ချီဝဲလ်နှင့်အတူ အသင်းလူစာရင်းတွင် မပါဝင်ခဲ့သည့် ကစားသမား (၂)ဦးမှာ မက်ဂွိုင်းရားနှင့် ဂျေဒန်ဆန်ချိုတို့ဖြစ်ပြီး မက်ဂွိုင်းရားမှာမူ ကြံ့ခိုင်မှုပြဿနာရှိနေသဖြင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကာ ဆန်ချိုကို အရန်လူစာရင်းတွင်ပင် မထည့်ခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း သူသည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆောက်ဂိတ်ကမူ ''ဘင်ချီဝဲလ်နဲ့ ဂျေဒန်ဆန်ချိုတို့က ဒဏ်ရာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကံမကောင်းစွာပဲ အသင်းက (၂၆) ဦးရှိနေပြီး လူစာရင်းတင်ခွင့်ရှိတာက (၂၃) ဦးပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လူထပ်နေတဲ့နေရာတွေက ကစားသမားတွေကို ရွေးချယ်ခဲ့ရပါတယ်။ ပြိုင်ပွဲကြီးတစ်ပွဲမှာ ကစားသမားတွေကို လူစာရင်းထဲမထည့်ရတဲ့ ကိစ္စမျိုးကို ကျွန်တော် မလုပ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကစားသမားတွေကိုလည်း ရှင်းပြခဲ့ပြီးပါပြီ။ ကစားသမားတွေကလည်း နားလည်ကြ ပါတယ်''ဟု ပြောကြားခဲ့သည်။
ပရိသတ်များအနေဖြင့် ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းမှာ ပွဲတိုင်းတွင် လူစာရင်းထဲမှ (၃) ဦးချန်လှပ်ရမည်ကို မသိခြင်းကြောင့်မဟုတ်ဘဲ ချီဝဲလ်နှင့် ဆန်ချိုတို့ကို ချန်လှပ်ခြင်းကို ဝေဖန်ခြင်းဖြစ်ကာ၊ အရန်ဂိုးသမား (၂)ဦး ထည့်သွင်းခဲ့ခြင်းကိုလည်း မကျေမနပ်ဖြစ်နေကြသည်။--------------------------------------------------------------------
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
