ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင် နှလုံးရောဂါထိုးနှက်မှုကြောင့် အသက်လုကုသခဲ့ရပြီးနောက် အဆိုပါ ဒိန်းမတ်-ဖင်လန်ပွဲကို ပြန်လည်ယှဉ်ပြိုင်ကစားစေခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဲရစ်ဆင်သည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဒိန်းမတ်-ဖင်လန်ပွဲတွင် ပွဲချိန်(၄၁)မိနစ်၌ ရုတ်တရက်လဲကျသွားခဲ့သဖြင့် အရေးပေါ်ကုသမှုများ ပြုလုပ်ကာ အသက်လုခဲ့ရသလို၊ ဆေးရုံသို့ ချက်ချင်းတင်ပို့ကာ ကုသမှု ထပ်မံခံယူခဲ့ရသည်။
ထို့ကြောင့် ပွဲကို အချိန်ကြာမြင့်စွာ ရပ်ဆိုင်းထားခဲ့ရသော်လည်း အဲရစ်ဆင်၏ အခြေအနေစိတ်ချရပြီဟု ကြားသိရပြီးနောက် ပြန်လည်ယှဉ်ပြိုင်ကစားရန် UEFA က ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းကဲ့သို့ အလွန်ဆိုးရွားသည့် အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရချိန်တွင် ပွဲပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် ပရိသတ်အချို့က လူမှုကွန်ရက်မှတစ်ဆင့် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။
ဝေဖန်ပြစ်တင်ခဲ့သည့် ပရိသတ်အများစုက UEFA ကို လောဘကြီးသည့် အဖွဲ့အစည်းဟု တံဆိပ်ကပ်ခဲ့ကြပြီး ၎င်းတို့၏အကျိုးအမြတ်အပေါ် ဦးတည်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲ ပြစ်တင်ခဲ့ကြသည်။
UEFA ကမူ ပွဲပြန်ကစားမည့်အကြောင်း ကြေညာချက်ထုတ်ပြန်ရာ၌ နှစ်ဖက်အသင်းမှ ကစားသမားများ၏ တောင်းဆိုမှုကြောင့် အားလုံးသဘောတူညီမှုဖြင့်ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် နှစ်သင်းစလုံးမှ ကစားသမားများသည် တနင်္ဂနွေနေ့ သို့ ပြောင်းရွှေ့ကစားရန်ထက် ယင်းနေ့တွင်ပင် ပြန်လည် ကစားရန် လိုလားခဲ့ကြကြောင်း သိရသည်။
ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်၏ဖခင် ပီတာရှမိုက်ကယ်ကမူ အဓိပ္ပာယ်မရှိသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း BBC Radio Five Live တွင် ဝေဖန်ပြောကြားခဲ့သည်။
''တခြားနည်းလမ်းတစ်ခုနဲ့ ဖြေရှင်းဖို့ သူတို့ ကြိုးစားခဲ့သင့်ပါတယ်။ ဒါပေမဲ့ မလုပ်ခဲ့ပါဘူး။ ဘောလုံးလောကမှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့တစ်လျှောက် ဒါဟာ အဆိုးရွားဆုံး အချိန်(၂)နာရီ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်ပွားခဲ့ချိန်မှာ UEFA အနေနဲ့ ကစားသမားတွေကို တစ်နည်းနည်းနဲ့ ကုစားပေးပြီးမှ ပြန်ကစားစေတာမျိုး ဒါမှမဟုတ် တနင်္ဂနွေနေ့မှ ပြန်ကစားစေတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ ဒီပွဲက ဒီလိုရလဒ်မျိုး မထွက်ပေါ်သင့်ပါဘူး။ ခင်ဗျားသာဆို ဘယ်လိုကစားနိုင်မှာလဲ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
