ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က လက်ရှိအသင်းမှာ ၁၉၉၈ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၀၀ ချန်ပီယံဆုတို့ကို ဆက်တိုက်ရယူနိုင်ခဲ့သည့် ၂၀၀၀ ခုနှစ်ကအသင်းနှင့် တူညီနေပြီဟု သုံးသပ်ပြောကြားခဲ့သည်။
ပြင်သစ်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ပြိုင်ပွဲနီးကပ်လာချိန်၌ တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ဘာပေနှင့် ဂျရူးတို့ကြား အချင်းများမှုရှိလာခဲ့သဖြင့် ပြင်သစ်ပရိသတ်အချို့က စိုးရိမ်နေကြသည်။
သို့သော် ဒေးရွှမ့်ကမူ ယင်းကိစ္စကို ပြဿနာဟု မယူဆကြောင်းနှင့် အသင်းမှကစားသမားအားလုံး ဒဏ်ရာကင်းစင်နေပြီး ပြိုင်ပွဲအတွက်အသင့်ဖြစ်နေသောကြောင့် ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့် (၂၁)နှစ်ကကဲ့သို့ ကမ္ဘာ့ဖလားထက် ပိုမိုတောင့်တင်းသည့်အသင်း ဖြစ်နေပြီဟုလည်း နှိုင်းယှဉ်ပြောကြာားခဲ့သည်။
ဒေးရွှမ့်က ''လက်ရှိအသင်းမှာ ၂၀၁၈ တုန်းက ကစားသမားအများအပြား ပါဝင်နေပါတယ်။ လူငယ်ကစားသမားလည်း မရှိပါဘူး။ မနှိုင်းယှဉ်ချင်ပေမဲ့ အဲဒီတုန်းကထက် တောင့်တင်းမှုက လျော့မသွားပါဘူး။ တိုက်စစ်ပိုင်းက ပိုကောင်းလာတယ်လို့တောင် ပြောနိုင်ပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
